FBS မှ ဖေဖော်ဝါရီလတွင် အလွန်ထူးခြားတဲ့ စိတ်ကူးအိပ်မက်ကို ဖြည့်ဆည်းပေးလိုက်ပါပြီ။

FBS မှ ဖေဖော်ဝါရီလတွင် အလွန်ထူးခြားတဲ့ စိတ်ကူးအိပ်မက်ကို ဖြည့်ဆည်းပေးလိုက်ပါပြီ။

FBS "စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်လာပြီ" ပြိုင်ပွဲ၏ ဖေဖော်ဝါရီလ ဆုရှင် Banha (အီဂျစ်)အလယ် Al-Ailobia ပြည်နယ်မှ မစ္စတာSamir Ahmad Meshal ဟာ စစ်မှန်တဲ့အရောင်းအ၀ယ်စိတ်ဓာတ်၏ နမူနာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ သူ့စီးပွားရေးကိုအရှိန်မြှင့်ပြီး၊ မိတ်သစ်တွေကို ဆွဲဆောင်နိုင်ရန် သူ့ဆိုင်အတွက် ကြော်ငြာဆိုင်းဘုတ်/နဖူးစည်းစာတမ်း တစ်ခုတောင်းဆိုခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ရင့်ကျက်တဲ့သဘောထားနှင့် အလကားရတာတွေကို ထိုင်စောင့်နေမည့်အစား ဖွံ့ဖြိုးတိုးတက်ရန်အလိုရှိသည့် ဆန္ဒကို ပြသတာပဲဖြစ်ပါတယ်။

မစ္စတာSamir Ahmad Meshal သည် သူမျက်မှန်များရောင်းချရာ Al-Shariahပြည်နယ်၊ Mina Al-amh တွင် မျက်မှန်ဆိုင်လေးတစ်ခု ဖွင့်ထားပါတယ်။ FBSကို အစောထဲက အမှတ်မထင်သိခဲ့ပေမယ့် တစ်ခါမှ ရောင်းဝယ်ဖို့ မကြိုးစားခဲ့ဖူးဘူးလို့ ၀န်ခံခဲ့ပါတယ်။ ဆိုင်ရဲ့ ဆိုင်းဘုတ်အဟောင်းက သိပ်ပြီး အထင်ကြီးစရာမကောင်းလို့ "စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်လာပြီ" ပြိုင်ပွဲ​တွေ့တဲ့အခါ နဖူးစည်းစာတမ်းအသစ်တစ်ခုက သူ့အတွေးထဲ ပထမဆုံးရောက်လာတဲ့ အရာပါပဲ။

"အနိုင်ရပြီးတဲ့နောက်မှာ "ခင်ဗျားဘာလို့အိမ်တစ်လုံး ဒါမှမဟုတ် ကားတစ်စီးမတောင်းခဲ့တာလဲ?"လို့အမေးခံခဲ့ရပြီး၊ ကျွန်တော်ဖြေခဲ့တာကတော့ ကျွန်တော်စိတ်ကူးအိပ်မက်က ကြော်ငြာစာတမ်းတစ်ခုရှိဖို့ပဲ...အလုပ်အတွက်ဒါကို လိုအပ်တယ်လေ။ ဒါကျွန်တော်အတွေးပဲလို့" အနိုင်ရသူမှ ဖြေကြားခဲ့ပါတယ်။ ဒါဟာ စိတ်ဓာတ်ပဲ! ဆိုင်းဘုတ်/ကြော်ငြာစာတမ်းလို ရိုးရှင်းတဲ့အရာလေးက ကြီးမားတဲ့ကွဲပြားခြားနားမှုကို ဖြစ်စေပြီး၊ မိတ်သစ်များကို ဆောင်ကျဉ်းပေးကာ ရောင်းအားနှင့် ၀င်ငွေကို တိုးစေနိုင်တယ်ဆိုတာ ကျွန်တော်တို့သဘောတူပါတယ်။

"Forexနဲ့ပတ်သတ်ပြီး ဘာအတွေ့အကြုံမှမရှိပါဘူး၊ ဒါပေမယ့် ဒီအကြောင်းကို ပိုလေ့လာချင်ခဲ့မိပါတယ်။ ၎င်း၏ယုံကြည်ထိုက်မှုကြောင့် အနာဂတ်မှာ FBSနှင့်အတူ လက်တွဲလုပ်ချင်မိပါတယ်"လို့ မစ္စတာMeshal ကပြောခဲ့တယ်။ ကောင်းပြီ။ ဒီလိုချဉ်းကပ်မှုမျိုးနဲ့ဆို သူဟာခဏလေးအတွင်း ဈေးကွက်မှာ အောင်မြင်မယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ် မရှိပါဘူး။

ဂုဏ်ယူပါတယ်၊ ကံကောင်းပါစေ!

အခြားသတင်း

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera