•  >
  • Forex လောကသားများ. ထရိတ်ဒင်းအကြောင်း ပါဝင်တဲ့ FBS ဘလော့, ရင်းနှီးမှုနှင့် အောင်မြင်မှု
10.09.2018

မိန်းမပျိုနှင့် Forex. အဆင့် ၃

chick_866x450.jpg

မင်္ဂလာပါ၊ ကျွန်မရဲ့ ဇာတ်လမ်းကို ခုထိစိတ်ဝင်စားနေသေးတာ မြင်ရတဲ့အတွက် ဝမ်းသာပါတယ်! ဒီဇာတ်လမ်းအစကို မသိသေးဘူးဆိုရင်၊ ပထမ နှင့် ဒုတိယ ပိုင်းကို ဒီမှာဖတ်ပါ။

စမ်းသပ်ချက် အခြေအနေများ:

  • FBS သုံးသပ်သူများထံမှ အကူညီမတောင်းပဲ ကျွန်မဘာသာရောင်းဝယ်ရန် လေ့လာခဲ့ပါတယ်
  • ကျွန်မရဲ့အရောင်းအဝယ်မှတ်တမ်းမှာ ကြုံခဲ့ရသမျှ အခက်အခဲများအားလုံးကို ဖော်ပြထားပါတယ်
  • FBS သုံးသပ်သူများမှ နောက်တစ်ခါဘယ်လိုအတွဲမျိုးကို ရောင်းဝယ်သင့်လဲဆိုတာ ပြောပြပါတယ်

စမ်းသပ်ချက် ရလဒ်များ:

  • ကျွန်မအိမ်စာကတော့ ဈေးလမ်းကြောင်း မျဉ်းတန်းများနှင့် support နှင့် resistance မျဉ်းများကိုလည်း လေ့လာရန်ဖြစ်သည်။
  • သုံးခဲ့သည့်အချိန်: အရောင်းအဝယ် ကာလ ၃ရက် (သီအိုရီအတွက် ၂နာရီနှင့် နေ့စဉ်လေ့ကျင့်ရန် ၂နာရီ)
  • အကောင့် လက်ကျန်ငွေ အရောင်းအဝယ် ကာလ $၁၄၂၏ အစမှ စတင်
  • လက်ရှိကာလမှာ အကောင့်လက်ကျန်ငွေ: $၂၁၈,၅၃

ဒီမှာ ဈေးလမ်းကြောင်း မျဉ်းတန်းနှင့် support/resistance မျဉ်းများကို အောင်မြင်စွာအသုံးချနိုင်ကြောင်း အရမ်းအားကျစရာကောင်းတဲ့ ဇာတ်လမ်းကို ဖတ်ရမှာဖြစ်ပါတယ်။ တကယ်တမ်းတော့၊ အရာများက မတူညီကြပါဘူး:

22.08.2018

FBS ပါတနာ၏ အောင်မြင်တဲ့ဇာတ်လမ်း: FBS စပ်တူလုပ်ငန်းအစီအစဉ်မှ သင့်ဘဝကိုထာဝရ ပြောင်းလဲနိုင်ခဲ့ပုံ

866x455_0.jpg

အခြားစီးပွားရေး ဝန်းကျင်နဲ့မတူဘဲ၊ Forex ကသင့်စွမ်းရည်ကို မကန့်သတ်ထားပါဘူး။ သေချာတဲ့အချက်မှာ၊ အခွင့်အရေးတွေရဲ့ မြေပုံကိုကြည့်ပြီး၊ ကမ္ဘာ့ဈေးကွက်ပေါ်မှာ ငွေရှာမည့် အခြားနည်းလမ်းတွေကို ထည့်စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့နည်းကို ဘယ်လိုရှာမှာလဲ? စိတ်အနှောက်ယှက်နည်းနည်းနဲ့ အမြတ်များများ အဆင့်ဆင့်တိုးလာအောင်ဘယ်လိုလုပ်မလဲ?

ကျွန်တော်တို့ ဒီမေးခွန်းကို အင်ဒိုနီးရှားမှ အောင်မြင်တဲ့ FBS ပါတနာဆီကို လိပ်မူခဲ့ပါတယ်။ သူကရုပ်ဖျက်ပြီးနေချင်ပေမယ့် သူ့ရဲ့ကိုယ်တွေ့ကို မျှဝေဖို့ကတိပေးခဲ့ပါတယ်၊ ဒါမှလည်း စာဖတ်သူတွေ သူ့အမြင်ကိုသိနိုင်ပြီး၊ FXကို မတူတဲ့ရှုထောင့်ကနေ ကြည့်နိုင်မှာဖြစ်ပါတယ်။

17.08.2018

မိန်းမပျိုနှင့် Forex. အဆင့် ၂

chick_866x450.jpgအားလုံးပဲ မင်္ဂလာပါ! အလွယ်ဆုံး အညွှန်းကိန်း "Moving Average"နဲ့ ရောင်းဝယ်တဲ့ အတွေ့အကြုံကိုမျှဝေရန် Annကတော့ အသင့်ဖြစ်နေပါပြီ။ ဒီဆောင်းပါးမှာ ကျွန်မရဲ့အဆင့်ဆင့်နဲ့ ရခဲ့တဲ့စုစုပေါင်းအမြတ်ကို ဖော်ပြသွားပါမည်။

သင်မှတ်မိတဲ့အတိုင်း ကျွန်မ အပိုဆုငွေ $၅၀ရခဲ့ပြီး၊ ကျွန်မရဲ့ပထမဆုံး အရောင်းအဝယ် ၂ရက်တာကာလအတွင်း $၁၁၃ရှာနိုင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လောက်ဂုဏ်ယူလဲဆိုတာ သင်စိတ်တောင်ကူးမိမှာမဟုတ်ဘူး! ကျောင်းသူဘဝတုန်းက ပထမဆုံးဝင်ငွေရှာနိုင်တုန်းကတောင် အဲ့လောက်ဂုဏ်မယူခဲ့ဘူး! ကျွန်မဇာတ်ကြောင်း ပထမပိုင်းကိုဖတ်ရန် ဒီကို နှိပ်ပါ။

03.08.2018

Shah Rizalထံမှ စီးပွားရေး စိတ်ကူး: Forex ဆံသဆိုင်

img3.jpg

လူတွေက Forexကို အကြောင်းမျိုးစုံနဲ့ရောက်လာကြပါတယ်။ ဒီထဲမှ တစ်ချို့က ကြမ်းတမ်းတဲ့ဘဝမှာ နေသာဖို့ အပိုဝင်ငွေလေးရလို့ရငြားရှာကြတာဖြစ်ပြီး၊ အခြားသူတွေကတော့ စည်းစိမ်၊ ဟိတ်ဟန်ထုတ်ရန်၊ အလွယ်ရတဲ့ငွေအတွက် ဖြစ်ကြသည်။ Forex ရောင်းဝယ်ခြင်း၏ ဘုံအကြောင်းရင်းကတော့ အိပ်မက်နောက်လိုက်ခြင်းဖြစ်ပြီး၊ ရောင်းဝယ်သူတစ်ဦးစီအလိုက် မတူညီနိုင်ပါဘူး။ ဖွင့်ထားတဲ့ အော်ဒါတိုင်းရဲ့နောက်ကွယ်မှာ စိတ်ကူးတွေရှိကြပါတယ်: ပြိုင်ကား၊ မိသားစု နေအိမ်၊ လွတ်လပ်မှု၊ ခရီးသွားခြင်း၊ စသဖြင့်။

တိုင်ပင်း၊ ပီရက်ခ်၊ မလေးရှားမှ Mr. Shah Rizal Bin Mat သည် သူနှစ်သက်သောအရာနှင့်အတူ ငွေရှာရန်စိတ်ကူးခဲ့ပါတယ်။ သူအရောင်းအဝယ် စတင်ခဲ့စဉ်က ယောကျာ်းလေး ဆံပင်ဖက်ရှင်တွေကို စွဲလမ်းနေခဲ့ပြီး၊ သူ့ရဲ့ အချိန်ပြည့် Forexအလုပ်က လုံလောက်တဲ့အမြတ်ရလာတဲ့အခါ၊ သူဟာ အသေးအဖွဲမဟုတ်ပေမဲ့ စမတ်ကျတဲ့ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ်:

"ငါဟာ ဆံပင်ညှပ်ရတာကို နှစ်သက်ပြီး၊ ငွေကြေးအရောင်းအဝယ်ဟာ ငါ့ရဲ့အချိန်ပြည့် အလုပ်ဖြစ်လာတော့မယ်။ ဒါကြောင့် ဒီနှစ်ခုကို ငါပေါင်းစပ်လိုက်ပြီး FOREX ဆံသဆိုင် တစ်ခုဖွင့်ခဲ့ပါတယ်"

23.07.2018

Forexမှာ ဆုံးရှုံးမှုက ဘယ်လိုပြန်လည်ထူထောင်ပြီး၊ ရှုံးသွားတာတွေ ပြန်ရယူမလဲ

အင်အားအကောင်းဆုံးသူတွေဆိုတာ အရှုံးနဲ့ရင်ဆိုင်ရပေမယ့် အရှုံးမပေးတဲ့သူတွေပါ။

ရောင်းဝယ်သူဖိုရမ်များသည် သူတို့ပိုက်ဆံများရှုံးပြီး၊ Forexကို စွန့်ခွာသွားတဲ့သူတွေရဲ့ ဇာတ်ကြောင်းတွေနဲ့ပြည့်နေပါတယ်။ ရေးသားသူများသည် ဈေးကွက်၊ အကျိုးဆောင် (သို့) ကံကြမ္မာကိုတောင်မှ ထပ်တလဲလဲအပစ်တင်ကြပြီး၊ ဒီကနေရလာတဲ့ ရလဒ်ကတော့ မည်သူ့ကိုမဆို အံ့အားသင့်စရာဖြစ်စေပါတယ်: ဝေဖန်နေတာက သူတို့ကိုဘာမှဖြစ်မလာစေခဲ့ဘူးလေ။

မစ္စတာ ဖုန်းမြတ်နိုင်သည် မြန်မာနိုင်ငံမှ အထင်ကရရောင်းဝယ်သူတစ်ဦးဖြစ်သည်။ သူသည် များပြားသည့်ငွေပမာဏကို ဆုံးရှုံးခဲ့ပေမယ့်၊ ပြန်ရအောင် စီစဉ်ခဲ့ပြီး၊ ဆက်လက်ရောင်းဝယ်ခဲ့ပါတယ်။ အရောင်းအဝယ်အပြင်၊ သူသည် ဘဝတစ်ခုလုံးမှာ ခရီးသွားခြင်းနှင့် သူ့မိသားစုနှင့်အတူအချိန်ကုန်ဆုံးရခြင်းကို နှစ်သက်ပါတယ်။

img7.jpg

ကျွန်တော်တို့လိုပဲ သင်လည်းဤ အင်တာဗျူးကိုကြိုက်နှစ်သက်ပြီး၊ သင့်အရောင်းအဝယ်အတွက် အကျိုးရှိတာတစ်ခုခုရလိမ့်မည်ဟု မျှော်လင့်ပါတယ်။

20.07.2018

FOREX နှင့် မိန်းမပျို၊ အဆင့် ၁

FBSမှ စိတ်လှုပ်ရှားဖွယ်ရာ စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်: သူ့ဘဝမှာ တစ်မိနစ်လောက်တောင်မှ အရောင်းအဝယ်မလုပ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ဦးက Forexမှာ ငွေရှာချင်တယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ စူးစမ်းနေမိကြပါတယ်?

မစ္စအန်းမှ ဒီစမ်းသပ်ချက်ထဲမှာပါဝင်ဖို့ သဘောတူခဲ့ပြီး၊ အပိုဆုဒေါ်လာ ၅၀နဲ့ ဒေါ်လာ ၁၁၃လုပ်နိုင်ခဲ့ပါတယ်။ သူတို့ပြောတာကတော့ လူသစ်တွေက ကံကောင်းတယ်တဲ့။ မစ္စအန်းက ကမ္ဘာ့ဈေးကွက်ကို လူသစ်အနေနဲ့စိန်ခေါ်မှုကို စောင့်ကြည့်ရအောင်။ ပထမလူဆီက စွဲမက်စရာကောင်းတဲ့ ဇာတ်လမ်းကိုဖတ်ရှုပါ!

မင်္ဂလာပါ! ကျွန်မနာမည်ကတော့ Annပါ။ လက်တွေ့စမ်းသပ်ချက်မျိုးမှာ ပါဝင်ဖို့ဆုံးဖြတ်ခဲ့တဲ့ အသက် ၃၄နှစ်ရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ကျွန်မလို မိန်းကလေးတစ်ဦးက Forex မှာငွေရှာနိုင်ပါ့မလား ဒါမှမဟုတ် ဘဏ္ဍာရေးဂုရုကြီးတွေအားလုံးဆီကနေ အရမ်းဝေးကွာလွန်းနေမလား?

06.07.2018

Bitcoin အရောင်းအဝယ် ဗျူဟာများ

အကယ် ဒစ်ဂျစ်တယ်ငွေကြေးများ မရှိခဲ့ပါမူ၊ တစ်စုံတစ်ယောက်ကတော့ ဒါတွေကို တီထွင်ဖို့ လိုပါလိမ့်မည်။ အမှန်တကယ်တော့၊ Bitcoin ဈေးနှုန်း၏ နေ့စဉ်အပြောင်းအလဲများသည် EUR/USD, USD/JPY နှင့် အခြားအဓိကအတွဲများကဲ့သို့သော ငွေကြေးအတွဲများထက် ပိုကြီးလေ့ရှိပါသည်။ Bitcoin၏ ဈေးနှုန်း လှုပ်ရှားမှုကြီးလျှင်၊ မြန်မြန်ဆန်ဆန်နဲ့ ပိုအမြတ်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

25.06.2018

ရွှေရောင်းဝယ်ခြင်းသည် ယနေ့အတွက် ရေပန်းစားသည့် ခေါင်းစဉ်တစ်ခုဖြစ်သည်။ လိုရင်းက ဘာလဲ?

“ရွှေ၏ လိုအင်ဆန္ဒမှာ ရွှေမဟုတ်ပါ။ လွတ်လပ်မှုနှင့် အကျိးအမြတ်ကို ဆိုလိုခြင်းဖြစ်သည်" Ralph Waldo Emerson

နှစ်ပေါင်းများစွာထဲက၊ လူတွေသည် ရွှေကို ယင်း၏ သဘာဝတောက်ပမှုနှင့် ပုံသွင်းပြုပြင်လို့ရခြင်းကြောင့် မြတ်နိုး၊ တန်ဖိုးထားခဲ့ကြသည်။ လူသားတို့သည် အရှေ့အလယ်ပိုင်းတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ကျော်ထဲက ရွှေကို စီးပွားကူးသန်းရာတွင် အသုံးပြုခဲ့ကြသည်။ ယနေ့ခေတ်မှာတော့၊ ယင်းကို ရှေးအကျဆုံး ပိုက်ဆံအဖြစ် မှတ်ယူထားကြပါသည်။ ရွှေသည် တကယ့်ကို စိတ်ချရသည့် ပိုင်ဆိုင်မှုတစ်ခုဖြစ်ပုံရပါသည်။ ဤသတ္တုသည် စစ်ပွဲများ၊ ရုတ်တရက် ကပ်ဘေးများနှင့် ကမ္ဘာ့လုံးဆိုင်ရာ အပြောင်းအလဲများကြားမှ နှစ်ပေါင်းနှစ်ထောင်ကျော်ကြာအောင် ကောင်းစွာရပ်တည်နိုင်ခဲ့သည်။

sh_1.jpg

ရွှေဈေးနှုန်းပြ လစဉ်ဇယား (XAU/USD, MN)။

ရွှေ ရေရှည်တည်တံ့မှုသည် ယင်း၏ တန်ဖိုးကို ထိန်းထားသော်လည်း၊ ရောင်းဝယ်သူများ၏ ရှယ်ယာဝယ်ယူမှု ကြီးထွားလာကာ၊ လွန်ခဲ့သည့်ဆယ်စုနှစ်တွင် ကျဆင်းခဲ့သည်။ ၂၀၀၀ခုနှစ်များ အစမတိုင်ခင်ထိ နှစ်ပေါင်း ၂၀ကြာ စတော့ရှယ်ယာဈေးကွက်၏ အားကောင်းပြီး၊ တိုးတက်လာသည့် စီးပွားရေးကြီးထွားမှုမှ ရွှေကို လွှမ်းမိုးထားခဲ့သည်။ ထို့ကြောင့် ၁၉၈၂ နှင့် ၂၀၀၂ကြားတွင် ယင်း၏တန်ဖိုးသည် ဒေါ်လာ ၃၀၀/အောင်စ မှ ဒေါ်လာ ၅၀၀/အောင်စ ကြားပြောင်းလဲနေခဲ့သည်။

၂၀၀၀ခုနှစ် အတောအတွင်း ရွှေကို အာရုံစိုက်မှုသည် ၂၀၀၈ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်း စိတ်ဝင်စားမှု အမှန်တကယ်ဝုန်းခနဲမဖြစ်ခင်ထိ ဖြေးဖြေးနဲ့ မှန်မှန် တိုးတက်လာခဲ့ပါသည်။ ၂၀၁၁ နှောင်းပိုင်းတွင် ရွှေအတွက် ဈေးနှုန်းများသည် ဒေါ်လာ ၁၉၀၀ စံချိန်ကိုချိုးပြီး သိသိသာသာမြင့်တက်ခဲ့သည်။ ဤဆောင်းပါးတွင် ရွေဈေးနှုန်းကို လွှမ်းမိုးထားသည့် အဓိကအချက်များနှင့်တကွ အကျယ်ပြန့်ဆုံးအသုံးပြုသည့် အရောင်းအဝယ်နည်းလမ်းများနှင့် အနိုင်ရရှိသည့် ဗျူဟာများကို မီးမောင်းထိုးပြထားပါသည်။

ရွှေဈေးနှုန်းကို လှုပ်ရှားစေတဲ့ တွန်းအားများ

ရွှေသည် တန်ဖိုးမှာ အရှုပ်ထွေးဆုံး ငွေကြေး ပိုင်ဆိုင်မှုများထဲကဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် ယင်း၏ တည်ငြိမ်မှု၊ အားကောင်းမှု၊ အဆင်ပြေမှုနှင့် အသိအမှတ်ပြုမှုတို့ကြောင့် ရွှေသည် လူကြိုက်များသည့် အမေရိကန်ဒေါ်လာနှင့် ယူရိုလို ငွေကြေးမျိုးဖြစ်သည်။ သို့သော်လည်း ဒီလိုတွင်ကျယ်စွာ ရောင်းဝယ်ကြတဲ့ ငွေကြေးတွေနဲ့ဆန့်ကျင်ဘက်အနေဖြင့်၊ ရွှေသည် အလုပ်သမားများ၊ ကုမ္ပဏီများနှင့် အခြေခံအဆောက်အဦးများ၏ စီးပွားရေး အခြေခံအားဖြင့် ထောက်ပံ့ပေးခံထားရတာမဟုတ်ပါဘူး။

ဆိုလိုသည်မှာ ရွှေတွင် စံချိန်မီ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာရပ်များရှိပြီး၊ ရေနံနှင့် ပြောင်းကဲ့သို့သော မြေကြီးထဲမှရလာသည့် ကုန်စည်များနှင့် ပိုနီးစပ်ပါသည်။ သို့သော် အခြားကုန်စည်နှင့်မတူဘဲ ရွှေဈေးနှုန်းသည် ယင်း၏ စက်မှုဇုံ ထေက်ပံ့မှုနှင့် ဝယ်လိုအားပေါ်မူတည်ပြီး မကြာခဏ ပြောင်းလဲနေပါသည်။

အဝါရောင်သတ္တုများမှ အဓိက ဈေးလမ်းကြောင်းများသည် ဒီပြောင်းလဲမှုကြောင့်ဖြစ်လာရသည့် ရောင်းဝယ်သူများ စိတ်ခံစားချက်များနှင့် လှုပ်ရှားမှု၏ ခေါ်ဆောင်ရာ လှုပ်ရှားကြရသည်။ ရွှေရောင်းဝယ်သူများကို နှစ်ပိုင်းခွဲနိုင်ပါသည်။ တစ်ဖွဲ့ကတော့ ဗဟိုဘဏ်မှ သူတို့၏ငွေကြေးများကို လျှော့ချနေသကဲ့သို့ ရွှေသည် တစ်အောင်စလျှင် ဒေါ်လာ ၁၀၀၀၀ ထက်ပိုကုန်ကျသင့်သည်ဟု ယုံကြည်ထားကြပါသည်။ bearish ရောင်းဝယ်သူများနှင့်ဖွဲ့စည်းထားသည့် အခြားတစ်ဖွဲ့ကတော့ ရွှေသည် အတိတ်ကာလမှ ဒြပ်တစ်ခုဖြစ်သဖြင့် ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ဘာမှအသုံးမဝင်လောက်သည့်အတွက် ဒေါ်လာ ၁၀၀နားကပ်သင့်သည်ဟု ယုံကြည်ကြပါသည်။ ပထမဇယားသည် ၂၀၀၀ခုနှစ် အလယ်-နှင့် နှောင်းပိုင်းတွင် ယင်း၏ လူကြိုက်များမှုသည် အနည်းငယ် အရူးထသလိုဖြစ်ခဲ့သည့်အတောအတွင်း ရွှေသည် တောက်ပမှုအချို့ လျှော့နည်းလာပါသည်။

ရွှေသည် သင့်ကို အကျိုးစီးပွားအနေဖြင့် (%) ဝင်ငွေမပေးစွမ်းပါဘူး။ အမေရိကန်ပြည်ထောင်စုတွင် အတိုးနှုန်းများ - ကမ္ဘာ့အချက်အချာကျတဲ့ စီးပွားရေး - မြင့်လာပြီး၊ ရောင်းဝယ်သူများသည် စာချုပ်များနှင့် အခြားဘဏ္ဍာရေး ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံရန် ပိုမိုအားသာလာသည့်အတွက် ရွှေဝယ်လိုအား ကျဆင်းလာသည်။ အမေရိကန် အတိုးနှုန်းကျဆင်းလာသည့်အခါ၊ ရွှေအပေါ် စိတ်ပါဝင်စားမှု မြင့်တက်လာပြီး၊ ဈေးလဲတက်လာသည်။ ဒါ့ကြောင့် ရွှေရောင်းဝယ်သူများ အမေရိကန်နှုန်းထားများကို စောင့်ကြည့်ရန်လိုအပ်ပါသည်။

ရွှေနှင့် အမေရိကန်ဒေါ်လာ မည်သို့ဆက်စပ်နေသနည်း?

ရွှေနှင့် အမေရိကန်ဒေါ်လာကြားမှ ဆက်နွယ်မှုသည် ရွှေရောင်းဝယ်သူများအတွက် ယှဉ်ပြိုင်မှု၏ အဓိကကျောရိုးဖြစ်သည်။ ရွှေဈေးနှုန်းကို အမေရိကန်ဒေါ်လာဖြင့် တန်ဖိုးဖြတ်ခြင်းကြောင့် ဤပိုင်ဆိုင်မှုများသည် ပြောင်းပြန်ဆက်နွယ်နေကြောင်း သုံးသပ်ရန် ကျိုးကြောင်းဆီလျော်ပါလိမ့်မည်။ ရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ရွေ့လျှားနေကြသည်။ ရိုးရှင်းစွာ၊ ဒေါ်လာဈေး မြင့်လာလျှု၊ ရွှေတစ်အောင်စဝယ်ရန် ဒေါ်လာအနည်းငယ်သာလိုသည်။ ထို့ကြောင့် ဒေါ်လာဈေးကျလာသည့်အခါ၊ ရွှေတစ်အောင်စဝယ်ရန် ဒေါ်လာများ ပိုလိုအပ်သည်။

တချိန်တည်းမှာပဲ၊ အခြေအနေက မရိုှးရှင်းပါဘူး။ အထက်မှာဖော်ပြခဲ့သည့် အမေရိကန်ဒေါ်လာနှင့် ရွှေကြားက ဆက်နွယ်မှုသည် များသောအားဖြင့် မှန်ကန်နေသည်မှာ အမှန်ဖြစ်သည်။ သို့သော်လည်း ဘဏ္ဍာရေးအကျပ်အတည်း ကာလများအတွင်း၊ ၂၀၀၉ ခုနှစ်ကလို၊ မသေချာမှုမြင့်တက်နေသည့် အခြားအချိန်များတွင်၊ ရွှေနှင့် ဒေါ်လာဈေး တပြိုင်တည်း မြင့်တက်ခဲ့သည်။ ရောင်းဝယ်သူများမှ နှစ်ခုလုံးကို ခိုလှုံရာ ရင်းနှီးမြှုပ်နှံမှုအဖြစ် ယူဆခဲ့ကြသောကြောင့် ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာဈေးနှုန်းကို နှိုင်းယှဉ်ပါ: သူတို့သည် ဆန့်ကျင်ဘက် လားရာကို များသောအားဖြင့် ရွေ့တတ်ကြပေမယ့် ဘဏ္ဍာရေးဖိစီးမှု ကာလများတွင် တူတူ မြင့်တက်လာနိုင်ပါသည် (အပြာမျဉ်းသည် ရွှေဈေးနှုန်းကို ခြေရာခံပြီး၊ အမေရိကန်ဒေါ်လာအညွှန်းကိန်းအတွက် အစိမ်းမျဉ်းကကိုယ်စားပြုပါသည်)။

sh_2.jpg

ရွှေအရောင်းအဝယ် ဗျူဟာများ

မည်သည့် အရောင်းအဝယ်ကိရိယာနှင့်မဆို၊ ရွှေရောင်းဝယ်ရန် တစ်ခုတည်းသော "အကောင်းဆုံး" နည်းလမ်းဆိုတာ မရှိပါ။ သို့သော်၊ အခြားအရောင်းအဝယ်ကိရိယာများပေါ် အသုံးချထားသည့် နည်းပညာအရောင်းအဝယ် ဗျူဟာများသည် ရွှေဈေးကွက်နှင့် အလွယ်တကူလိုက်လျောညီထွေမှုရှိပါသည်။ ဒါဟာ အထူးသဖြင့် ရေရှည်ဈေးလမ်းကြောင်းဖြစ်ပေါ်စေရန် ရွှေ၏ လှုပ်ရှားမှုနှင့် အလုပ်ဖြစ်ပါသည်။ ဤနည်းအားဖြင့် ရောင်းဝယ်သူတော်တော်များများသည် ဈေးလမ်းကြောင်းမျဉ်းများ၊ ဖီဘိုနာချီ သုံးသပ်ချက်နှင့် RSIနှင့် Stochasticsလို အဝယ်လွန်/အရောင်းလွန် oscillator များပေါ်တွင် အခြေခံထားသည့် ဗျူဟာများပြီးမြောက်အောင်ဆောင်ရွက်ရာတွင် အောင်မြင်ခဲ့ကြပါသည်။

ရေတို နည်းဗျူဟာ: moving average crossover နှင့် ဈေးလမ်းကြောင်း၏ ချယ်ရီကို ရွေးယူပါ

ရွှေရှိ မကြာခဏဈေးလမ်းကြောင်းမှ အမြတ်ရရန် ပုံမှန်နည်းလမ်းကတော့ moving average crossover ဗျူဟာကိုအသုံးပြုရန်ပဲ ဖြစ်ပါသည်။ ဒီဗျူဟာအရ၊ ရေတို moving average သည် ရရှည် moving average အထက်နားဖြတ်ပါက ရွှေကိုဝယ်ယူဖို့ တန်ပါသည်။ ထို့ကြောင့် ရေတို moving average သည် ရေရှည် moving average အောက်ကဖြတ်ပါမူ၊ ရွှေကိုရောင်းချတာ ပိုသင့်လျော်ပါသည်။

ရောင်းဝယ်သူများသည် moving averageများအတွက် "အကောင်းဆုံး" ကြားကာလကို သူတို့နားလည်မှုဖြင့် ခွဲခြမ်းထားသည်။ အကောင်းဆုံးဖြေရှင်းနည်းများမှ တစ်ခုကတော့ ၁-နာရီ ဇယားတွင် ၁၀-ကာလ နှင့် ၆၀-ကာလ moving averages ကူးပြောင်းခြင်းဖြစ်သည်။ ဤဆက်တင်များသည် များသောအားဖြင့် ရောင်းဝယ်သူများကို ဈေးလမ်းကြောင်းတစ်ခု၏ အလယ်ခွဲတမ်းကို အောင်မြင်စွာရောင်းဝယ်ရန်ခွင့်ပြုပါသည်။ သို့သော်လည်း၊ အနာဂတ်လုပ်ဆောင်ချက်များကိုတော့ အာမ မခံပါ။ ရွှေဈေးကွက်တွင် ဒီဗျူဟာကို အသုံးချရန် နည်းလမ်းကို ဇယားတွင်သရုပ်ပြထားပါသည်။

အစိမ်းရောင်မျဉ်းသည် ၁၀-နာရီ MA ဖြစ်ပြီး၊ အပြာမျဉ်းသည် ၆၀-နာရီ MA ဖြစ်သည်။ အစိမ်းမျဉ်းသည် အပြာမျဉ်းကို ဒေါ်လာ ၁,၂၉၉.၄၅တွင် အောက်မှဖြတ်သွားသည်။ ယခင်အနိမ့်များအောက်တွင် ခနရပ်ချိန်နှင့်အတူ၊ ဒါသည် အရောင်းသင်္ကေတဖြစ်သည်။ အမှန်တကယ်တော့ ဈေးနှုန်းဇယားသည် ရောင်းဝယ်သူကို ရောင်းချသည့် အရောင်းအဝယ်တွင် အမြတ်ရစေရန် အောက်ထိုးဆင်းသွားသည်။ ထို့နောက် အစိမ်းမျဉ်းသည် အပြာမျဉ်းနားကပ်လာသည်။ အစိမ်းမျဉ်းသည် အပြာမျဉ်းအထက် ရပ်ပါက၊ ရွှေဝယ်ရန် သင်္ကေတဖြစ်သည်။

ဒီအရောင်းအဝယ်ဗျူဟာသည် ရောင်းဝယ်သူများကို ဈေးလမ်းကြောင်းများ၏ အလယ်ခွဲတမ်းကို အမိဖမ်းနိုင်ရန် ကူညီပေးပါသည်။ သို့သော်လည်း ရွှေမှာ ဈေးလမ်းကြောင်းမရှိခြင်း ဒါကိုအသုံးပြုပြီး၊ ပြင်ညီမျဉ်းအတိုင်း ဆက်ရှိနေခြင်းသည် ဆက်တိုက်အရောင်းအဝယ် အရှုံးတွေကို ဖြစ်စေတတ်ပါသည်။ ရလဒ်အနေဖြင့် ရောင်းဝယ်သူများသည် ယင်း၏ ရေရှည်အမြတ်ရနိုင်ခြေကို မြှင့်တင်ရန် ဒီဗျူဟာကို အခြားအညွှန်းကိန်းများနှင့် တည်ဆောက်ရန်လိုပေမည်။

ရေရှည် နည်းဗျူဟာ: တကယ့် အတိုးနှုန်းများ၏ အဆင့်ကို လိုက်နာပါ

ရင်းနှီးမြှုပ်နှံသူများနှင့် ရေရှည် ခွဲတမ်း ရောင်းဝယ်သူများသည် ရွှေဈေးနှုန်းကို သက်ရောက်မှုရှိစေမည့် အခြေခံကိန်းဂဏန်းဖြစ်ရပ်များကို အာရုံစိုက်ထားသင့်ပါသည်။ အထူးသဖြင့်၊ တကယ့်အတိုးနှုန်းများ၏ အဆင့်တွင်။ ပိုနိမ့်သော အတိုးနှုန်းများသည် ပိုမြင့်သော ရွှေဈေးနှုန်းကို ဖြစ်စေတတ်သည်။

များသောအားဖြင့် ရေရှည်ရောင်းဝယ်သူများသည် တကယ့်အထွက်နှုန်းက ၁%အောက်ရောက်နေလျှင် ဝယ်ယူရန်အခွင့်အရေးများကို ဆင်ခြင်သုံးသပ်သင့်သည်။ သူတို့သည် အမေရိကန်ပြည်ထောင်စုရှိ အမှန်တကယ်အတိုးနှုန်းများအတွက် proxyအဖြစ် TIPS များတွင် အထွက်နှုန်းကို အသုံးချကြသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ TIPSရှိ အထွက်နှုန်းသည် ၂%အထက် မြင့်လာပါက၊ ရင်းနှီးမြှုပ်နှံသူများသည် ရောင်းချသည့် အရောင်းအဝယ်ပေါ် အာရုံစိုက်ကြပါသည်။ သေချာကတော့၊ အမှန်တကယ်အထွက်နှုန်းနှင့် ရွှေဈေးကြားက ချိတ်ဆက်မှုသည် ရေရှည်ကာလပေါ် အရေးပါပါသည်။ ရေတို ရွှေရောင်းဝယ်သူများသည် အတိုးနှုန်းအဆင့်များကို အခြေခံအားဖြင့် မေ့ထားနိုင်ပါသည်။

တကယ့်အတိုးနှုန်းများစစ်ထုတ်ခြင်းကို အသုံးပြုရန်အခွင့်အရေးသည် ရွှေရောင်းဝယ်သည့်အခါ အစွန်းရဖို့လျှောက်ထားနိုင်သည့် ထူးခြားသည့်ရွေးချယ်မှုများထဲမှ တစ်ခုဖြစ်သည်။ အားလုံးထဲမှာမှ၊ ကမ္ဘာ့ရှေးအကျဆုံး "ငွေကြေး"ရောင်းဝယ်ခြင်းသည် အမျိုးမျိုးသော ဗျူဟာများနှင့် အဆုံးမရှိသော အခွင့်အရေးများကို ပေးစွမ်းပါသည်။

FBSနှင့်အတူ ရွှေရောင်းဝယ်ခြင်း

FBS မှ ရွှေတွင် အမြတ်ရအောင် အခွင့်အရေးတစ်ခု ပေးနေပါပြီ!

ရွှေကို Metatrader တွင် XAU/USD သင်္ကေတအောက်တွင် ရှာတွေ့နိုင်ပါသည်။ ရွှေရောင်းဝယ်ခြင်းအတွက် စာချုပ် သတ်မှတ်ချက်များ ကို FBS ဝဘ်ဆိုဒ်တွင် ကြည့်ရှုပါ။

18.06.2018

Forex အရောင်းအဝယ် ဘယ်လောက်အမြတ်ရနိုင်မလဲ

George Soros ဆိုတဲ့ ရာဇဝင်တွင်မည့် Forex ရောင်းဝယ်သူအကြောင်းကို သင်ကြားဖူးမှာပါ။ အချိန်အတောအတွင်း၊ သာမန်ရောင်းဝယ်သူများသည်လည်း မယုံနိုင်လောက်စရာ ရလဒ်ဖြင့် အောင်မြင်နေကြပါသည်။ ထိပ်တန်းရောင်းဝယ်သူများစာရင်းတွင် ဘယ်သူတွေထပ်ပါနိုင်မလဲ ကြည့်ရအောင်။

အကောင်းဆုံး ရောင်းဝယ်သူများကြားတွင် တစ်ဦးအပါအဝင်ဖြစ်သင့်သည့် Cheng Likuy သည် ၂၀၀၈ခုနှစ်တွင် ကမ္ဘာကျော်သူဖြစ်လာခဲ့သည်။ တရုတ်ပြည်နယ် ရှန်ဟိုင်းမြို့မှ ဒီနှိမ့်ချတတ်တဲ့ရောင်းဝယ်သူသည် အရောင်းအဝယ်ကို ဒေါ်လာ၄၀၀ဖြင့်စတင်ခဲ့ပြီး၊ Forex အမြတ် မှတ်တမ်းအသစ် တင်နိုင်ခဲ့သည်။ တစ်လမရှိတစ်ရှိမှာပဲ သူ့အကောင့်မှာ ၂၄၇ ၀၀၀ဒေါ်လာ ရရှိခဲ့ပြီးဖြစ်သည်။ Chengသည် အရောင်းအဝယ်အတွက် ခြောက်လမျှသာ အချိန်ပေးခဲ့တာဖြစ်သည်။ ရောင်းဝယ်သူသည် သူ့လျှို့ဝှက်ချက်အားလုံးကို ထုတ်ဖော်မပြောခဲ့ပေမယ့် ဆိုင်းငံ့အော်ဒါများကို အသုံးပြုခဲ့ကြောင်းတော့ ပြောခဲ့ပါသည်။

မယုံနိုင်စရာအကောင်းဆုံး ဇာတ်လမ်းလေးကတော့ ၂၀၁၂ခုနှစ်တွင် သန်းပေါင်းများစွာသော ရောင်းဝယ်သူများ၏ စိတ်ကူးအိပ်မက်များကို အမှန်တကယ်ဖြစ်စေခဲ့သည့်  Akhmad Arief အကြောင်းပဲဖြစ်ပါသည်။ အရောင်းအဝယ်စလုပ်ပြီး နှစ်ပတ်အကြာ၊ သူ့ရင်းနှီးမတည်ငွေကို ဒေါ်လာ၁၀၀၀ မှ ဒေါ်လာ ၁,၀၀၀,၀၀၀ထိ မြှင့်တင်ရန် စီစဉ်ခဲ့သည်။ သူသည် ရန်မူသည့်နည်းပညာကို GBP/USD နှင့် EUR/USDတို့လို အဓိက ငွေကြေးအတွဲများကိုရောင်းဝယ်ရန် အသုံးပြုခဲ့သည်။ ဒီလောက် အန္တရယ်-မြင့်တဲ့ ဗျူဟာကိုသုံးပြီး သန်းကြွယ်သူဌေးဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပါဘူး။

သေချာတာကတော့ အမြတ်အစွန်းကြီးသည် ရင်းနှီးမြှုပ်နှံမှုကြီးနှင့်တွဲလာတတ်သည်။ ကျွမ်းကျင်ရောင်းဝယ်သူများ၏ ပျမ်းမျှ နှစ်စဉ်အထွက်နှုန်းသည် ဆုံးရှုံးနိုင်ခြေ ၂၀%မှ ၁၀၀%ထိ ပြောင်းလဲပါဝင်နေပါသည်။ ခြားနားချက်ကို အလွယ်တကူမြင်နိုင်ပါသည်: ဒေါ်လာ ၁၀၀မှ ၅၀%သော အမြတ်များသည် ဒေါ်လာ ၅၀သာဖြစ်ပြီး၊ ဒေါ်လာ ၁,၀၀၀,၀၀၀ဆိုလျှင် ဒေါ်လာ ၅၀၀,၀၀၀ ဖြစ်နေပြီဖြစ်သည်။

Forex အရောင်းအဝယ်သည် ရှင်သန်ရပ်တည်မှုအတွက် အမြတ်များယူဆောင်ပေးနိုင်သလား?

ရောင်းဝယ်သူတော်တော်များများသည် Forexမှာ ကောင်းကောင်းရပ်တည် ရောင်းဝယ်မှုလုပ်နေကြပြီး၊ အချို့တွင် ကိုယ်ပိုင်-အလုပ်သမားများဖြစ်လာအောင် အမြတ်ကြီးများပြန်ရမှုများရှိတတ်ကြသည်။ လက်သင် Forexရောင်းဝယ်သူသည် မတည်ရင်းနှီးငွေ နည်းနည်းကနေစရင်တောင်မှ ငွေကြေးရောင်းဝယ်ခြင်းဖြင့် ရေရှည်အမြတ်အစွန်းကို ကျိမ်းသေပေါက်ရှာနိုင်ပါသည်။ ကျိုးကြောင်းဆီလျှော်သည့် ပုံမှန်အမြတ်ရစေရန် လုံလောက်တဲ့စိတ်ရှည်မှု၊ လေ့လာမှုနှင့် လေ့ကျင့်မှုများသာ လိုအပ်ပါသည်။

ဒါပေါ့၊ ဘယ်သူမှ ဝင်ငွေကို အာမ မခံနိုင်ပါဘူး။ သို့သော် ရင်းနှီးမြှုပ်နှံသူများမှ ရောင်းဝယ်ရန်လုံလောက်သည့် အတွေ့အကြုံရှိပါက၊ တသမတ်တည်း အမြတ်ရရှိတတ်ပါသည်။ အရောင်းအဝယ် အကောင့် ဒေါ်လာ ၄၀၀၀၀၀ ထိ ပေါင်းစည်းရန် အခွင့်အရေးပေါ်လာခဲ့ပါတယ်။ ယင်းနောက် ရှေးရိုးစွဲ ၃%-၄% လစဉ်အမြတ်သည် တစ်လလျှင် ဒေါ်လာ ၁၂,၀၀၀မှ ဒေါ်လာ ၁၆,၀၀၀ ထိ လိုက်လျောနိုင်သည်။ ရှင်သန်ရန် ကျိန်းသေပေါက် လုံလောက်! ဘယ်လောက်ကြာကြာဆိုတာကတော့ ရောင်းဝယ်သူတစ်ဦးစီ၏ စတင်တဲ့ငွေနှင့် ပြင်းထန်အားအဆင့်ပေါ်မူတည်ပါတယ်။

ဘယ်အရောင်းအဝယ် နည်းလမ်းကို ရွေးရမလဲ?

Forex ရောင်းဝယ်သူများသည် ကိုယ်တိုင်ရောင်းဝယ်မလား၊ copy အရောင်းအဝယ်လုပ်ချင်သူလာား၊ အလိုအလျောက် ရောင်းဝယ်ခြင်းကိုအသုံးချချင်တဲ့သူလားဆိုပြီး ခွဲခြားနိုင်ပါသည်။ ဤနည်းလမ်းများတစ်ခုချင်းစီသည် ရောင်းဝယ်သူတစ်ဦးစီပေါ်မူတည်ပြီး အကောင်းနှင့်အဆိုးရှိနိုင်တဲ့ ထူးခြားတဲ့ဝိသေသရှိကြပါသည်။ 

ကိုယ်တိုင်ရောင်းဝယ်ခြင်းသည် Forex အရောင်းအဝယ်စနစ်၏ အနှစ်သာရကိုပေးပြီး၊ အရောင်းအဝယ်တိုင်းကို အပြည့်အဝထိန်းချုပ်နိုင်သည်။ အော်ဒါအားလုံးသည် အလိုအလျောက် ထောက်ပံ့မှုမပါဘဲလုပ်ရသည့်အတွက် အချိန်၊ အာရုံစိုက်မှုနှင့် တိကျမှုအတော်လိုအပ်ပါသည်။ ဒါသည်အရမ်းအသုံးဝင်ပြီး၊ ရောင်းဝယ်သူတိုင်းကို ဈေးကွက်အခြေအနေပေါ်တွင် အမြဲသတိထားစိတ်ရှိနေရန် ကူညီပေးပါသည်။ ထို့ကြောင့် ရောင်းဝယ်သူအပေါ်မူတည်နေသည့် အရာအားလုံးသည် ဖွင့်ထားတဲ့အော်ဒါအများကြီးရှိနေပါက စိတ်ဖိစီးမှုဖြစ်စေနိုင်ပါသည်။ ရောင်းမလား၊ ပိတ်မလားဆိုတာကတော့ ရောင်းဝယ်သူများအပေါ် အမြဲမူတည်နေပါသည်။

Forex မှာအလိုအလျောက် ရောင်းဝယ်ခြင်းကို အသုံးပြုခြင်းအားဖြင့် ရောင်းဝယ်သူအသစ်များအတွက် အကျိုးကျေးဇူးကြီးဖြစ်သည့် စိတ်ခံစားချက်များ ဖယ်ရှားနိုင်ခြင်း အကျိုးရလဒ် ရစေပါသည်။ အဝေးရောက်နေပြီး၊ ဇယားတွေကို လိုက်လေ့လာဖို့ အခွင့်အရေးမရှိနေရင်တောင်မှ robotများ အကူအညီနဲ့ရောင်းဝယ်နိုင်ပါသည်။ ကံအားလျှော်စွာ၊ အလိုအလျောက်ရောင်းဝယ်ခြင်းသည် အရောင်းအဝယ်အကောင့်အပေါ် အပြည့်အဝ ထိန်းချုပ်မှုမပေးနိုင်ပါ။

လက်ရှိမှာ ရင်းနှီးမြှုပ်နှံမှုလောကတွင် Copy Tradingသည် ဟော့အဖြစ်ဆုံး လမ်းကြောင်းဖြစ်နေပါသည်။ ဝင်ငွေအများအပြားရသည့် အခြားနည်းလမ်းများနှင့်မတူဘဲ၊ ရင်းနှီးမတည်ငွေကြီး မရှိတဲ့ သာမန်လူများအတွက် ဖွင့်ထားပေးပါသည်။ Copy trading သည် ကျွမ်းကျင်ပညာရှင်များ၏ ဗျူဟာကို အသုံးပြုခြင်းဖြစ်သည်။ ရောင်းဝယ်သူတစ်ဦးမှ ကျွမ်းကျင်ရောင်းဝယ်သူတစ်ဦးထံ သတင်းရယူပြီး အရောင်းအဝယ်ကူးယူမှု စတင်ပါသည်။ တစ်နည်းဆိုရသော် ကျွမ်းကျင်ရောင်းဝယ်သူမှ ဖွင့်ထား၊ ပိတ်ထားသည့် အနေအထားများသည် ရင်းနှီးမြှုပ်နှံသူ၏ အကောင့်တွင်လည်း ဖွင့်ထား၊ ပိတ်ထားခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ရောင်းဝယ်သူသည် အရောင်းအဝယ် လုပ်ငန်းစဉ်တွင် ပါဝင်မှုအရမ်းနည်းပါသည်။

နည်းလမ်းသုံးခုလုံးသည် ယင်းတို့၏ အကျိုးကျေးဇူးများသည် တန်းတူလောက်ဖြစ်ပြီး၊ ရေရှည်အမြတ်အစွန်း ရစေနိုင်ပါသည်။ သို့သော် အလိုအလျောက်နှင့် ကူးယူရောင်းဝယ်မှုသည် စိတ်ချရသည့် ယာဉ်မောင်း မောင်းနှင်သည့် ဇိမ်ခံကားပေါ်တွင်ထိုင်နေရသည့် အခြေအနေတွင် ကိုယ်တိုင်ရောင်းဝယ်ခြင်းသည် Formula ၁လို ယှဉ်ပြိုင်မှုအားကောင်းပြီး၊ အလွန်ကြီးမားတဲ့ ပြိုင်ပွဲမျိုးအဖြစ်နှိုင်းယှဉ်ပြလို့ရသည်။

FBSနှင့် အမြတ်များပိုမိုရယူပါ

FBSမှ စာရင်းဇယားအနည်းငယ်သည် ရင်းနှီးမြှုပ်နှံမှု ပမာဏပေါ်မူတည်ပြီး Forex အရောင်းအဝယ် ဘယ်လောက်အမြတ်ရသလဲပြနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှုသည် အလွန်အန္တရာယ်များတဲ့ စီးပွားရေးဖြစ်ပြီး အမြတ်နှင့်အတူ အရှုံးများကိုလည်း ရှောင်လွှဲမရနိုင်ကြောင်း မှတ်သားထားရန်အရေးကြီးပါသည်။ ကိန်းဂဏန်းများက ပြောပြနေပါသည်။ ဥပမာ ပြီးခဲ့သည့်လက အမြတ်တင်ခဲ့သည့်သူများ၊ ဒေါ်လာ ၁၀၀ (သို့) ထိုထက်နည်းတာကို တစ်လအတွင်း ရင်းနှီးခဲ့သည့်ရောင်းဝယ်သူများသည် ပျမ်းမျှအမြတ်၏ ၂၃%ရခဲ့ကြသည်။ ဒေါ်လာ ၁၀၀၀ (သို့) ပိုခဲ့သူများသည် ၂၇%မှ ၅၅%ထိ အမြတ်ပြန်ရခဲ့ကြသည်။

ကိန်းဂဏန်းများကြား ဒီကွာခြားချက်များသည် ပိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အသင့်ဖြစ်နေသူများသည် ပိုမိုအတွေ့အကြုံရပြီး၊ ယုံကြည်ချက်ပိုရှိကြသည့်အချက်ဖြင့် ရှင်းပြနိုင်ပါသည်။

Forex တွင်ရောင်းဝယ်ခြင်းသည် အမြတ်များယူဆောင်နိုင်ပေမယ့် မတိုင်ခင်တော့ ကြိုတင်ပြင်ဆင်မှု၊ အရောင်းအဝယ် အလေ့အကျင့်၊ ဗျူဟာတိုးတက်မှုနှင့် ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲမှုတို့ လိုအပ်ပါသည်။

အခုပဲ ရောင်းဝယ်လိုက်ပါ

07.06.2018

ရှားပါး အရောင်းအဝယ် ဖြစ်ရပ်: ကမ္ဘာလုံးဆိုင်ရာဘဏ်များ ကျရှုံးနေစဉ်မှာ FBS ကုန်သည်များသာ ကျန်ရစ်ခဲ့သည်။

အရောင်းအဝယ်တွင် သမိုင်းဝင်ဖြစ်ရပ်တစ်ခုခု ဖြစ်ပွားခဲ့သည်။

ဤကိစ္စသည် အလွန်အံအားသင့်ဖွယ်ကောင်းသည့်အတွက် ကျွန်တော်တို့ဘလော့ရဲ့ထိပ်ဆုံးမှာ ရှိနေဖို့ ထိုက်တန်ပါတယ်။ ဖြစ်နိုင်သမျှ အဆိုးဆုံးအချိန်တွေမှာ ဖွင့်ထားခဲ့တဲ့ အရောင်းအဝယ်အော်ဒါတွေ၏ ဇာတ်လမ်းကို မြင်ကြည့်ပါ။ ဗဟိုဘဏ်ကို လှုပ်ခတ်စေခဲ့တဲ့ ဖြစ်ရပ်အလယ်မှာ ဖြစ်ပွားခဲ့ပြီး၊ Forex အကျိုးဆောင်တော်တော်များများကို ထိုက်သည့်အတိုင်းအပြစ်ပေးတဲ့အနေနဲ့ တားမြစ်ခဲ့ပါသည်။ ဈေးကွက် ပြိုလဲပျက်စီးခဲ့ပြီး၊ လူတွေဒေဝါလီခံခဲ့ရပေမယ့် ထိုနေ့က FBSနှင့် အော်ဒါဖွင့်ခဲ့သူကတော့ မရှုံးခဲ့ပါဘူး။

ဘယ်လိုဖြစ်ခဲ့တာလဲ? ဖြစ်စဉ်အနည်းငယ်ကို စီထားပါတယ်။

အတွေ့အကြုံရှိပြီးသား ရောင်းဝယ်သူများက ဇန်နဝါရီ ၂၀၁၅တုန်းက EUR/CHF ၏ ပြိုလဲမှုကြီးကို မှတ်မိကြပါသေးတယ်။ ဒါကိုမမြင်လိုက်ရတဲ့သူများအတွက်ကတော့၊ တိကျတဲ့ ကိုယ်စားပြုမှု ဒီမှာပါ:

chart wth.jpg

ဆွစ်အစိုးရ၏ ကြိုတင်ခန့်မှန်းမှုနှင့် ကောင်းသောကျော်ကြားမှုသည် ရင်းနှီးမြှုပ်နှံသူများကို ဆွစ်ဖရန့်သည် ငွေအတွက် "ခိုလှုံရာ ငွေကြေး" ဖြစ်သည်ဟု ယုံကြည်စေခဲ့သည်။ သို့သော် ရင်းနှီးမြှုပ်နှံသူများက ဖရန့်ကို ပိုပြီးအားထားတဲ့အတွက် ယင်းတန်ဖိုး တက်စေခဲ့ပါသည်။

ပြဿနာက - တန်ဖိုးကြီး ဖရန့်သည် ဆွစ်ဇလန်ကို အထိနာစေခဲ့သည်။ သူတို့၏ စီးပွားရေးသည် ပြည်ပကို ပစ္စည်းများရောင်းချခြင်းအပေါ်အကြီးအကျယ်မှီခိုနေရပြီး: ကုန်စည်များနှင့် ဝန်ဆောင်မှုများ တင်ပို့ခြင်းသည် GDP၏ ၇၀%ကျော် တန်ပါသည်။ 

သက်သာအောင်ထိန်းထားရန်အလို့ငှာ၊ ဆွစ်ဗဟိုဘဏ် (SNB)မှ ဘယ်လိုပဲဖြစ်နေပါစေ ဆွစ်ဖရန့် (CHF) ကို ယူရို (EUR)နှင့် ဆန့်ကျင်ပြီး ၁.၂ သို့ထိန်းထားမည်ဟု ကြေငြာခဲ့ပါသည်။

ဗဟိုဘဏ်မှ ယင်းကတိတည်တဲ့အတိုင်း ယူရိုငွေလဲလှယ်နှုန်းနဲ့ ချိန်ညှိရန် ဖရန့်အသစ် သန်းပေါင်းများစွာ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ယူရိုထက် ဖရန့်တန်ဖိုးကျဆင်းအောင် Forex မှာလည်း ဖရန့်ဘီလီယံချီရောင်းချခဲ့သည်။

သို့သော် SNBမှ သူတို့ကတိကို ဆက်မတည်တော့ဘူးဟု ရုတ်တရက်ကြေငြာခဲ့သည့် ဇန်နဝါရီ ၁၅တွင် ပျော်စရာစတင်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများအကြား အကြီးအကျယ်ထိတ်လန့်မှုဖြစ်စေခဲ့ပါသည်။

ဖရန့် မြင့်တက်ခဲ့သည်။

ဆွစ်ဇလန် စတော့ရှယ်ယာဈေးကွက် ပြိုလဲခဲ့သည်။

ကျွန်တော်တို့ရဲ့ ရောင်းဝယ်သူများထဲမှ တစ်ဦးဆိုလျှင် ဤသို့မဖြစ်ခင် အော်ဒါလေးခုဖွင့်ထားခဲ့မိသည်။

အရောင်းအဝယ်ထဲဝင်လိုက်သည်နှင့် ဤပုံကိုမြင်သည်ဟု ကိုယ့်ကိုယ်ကို တွေးကြည့်လိုက်ပါ 

Screencast by unknown Japanese trader

ဒါဟာ ပိုကောင်းတဲ့အနေအထားပါ: သူဖွင့်ခဲ့တဲ့ အော်ဒါတွေဟာ သူ့ကိုအရောင်းအဝယ်ထဲ ဆက်နေစေနိုင်မည့် လုံလောက်တဲ့မာဂျင်ရှိစေတဲ့ သေးသေးလေးပါ။ ယနေ့တိုင်အောင် အော်ဒါတွေဆက်စီမံနေနိုင်တဲ့ "swap အခမဲ့" အကောင့်မှာ ရောင်းဝယ်ခဲ့တာဖြစ်ပါတယ်။

FBS သမိုင်းမှာတော့ဒါဟာ အရှည်ဆုံးအရောင်းအဝယ်ပါပဲ။

မကြာသေးမီက ယင်းအော်ဒါသည် သမိုင်းရှိ အကြီးဆုံးဈေးကွက်ပြိုလဲမှုထဲက တစ်ခုကိုဖြတ်ပြီး ရှင်သန်နိုင်ခဲ့သည့်အနေဖြင့် ဆွစ်ဖရန့်က ၁.၂ကို ပြန်ရောက်ခဲ့ပြီး၊ အရှုံးတွေထဲက ထွက်လုနီးပါးဖြစ်အောင် လုံလောက်တဲ့ရှည်ကြာမှုရှိခဲ့ပါတယ်။ 

blog case pic.jpg

ကံအားလျှော်စွာ၊ ဤအကောင့်ပိုင်ရှင်သည် ဇန်နဝါရီ ၁၅မှစပြီး အကောင့်ဝင်ရောက်ခြင်းမရှိတော့ဘဲ၊ ဘယ်သူမှလဲ သူ့ကိုအပြစ်တင်မှာမဟုတ်တဲ့အပြင်၊ တစ်ချိန်တည်းမှာပဲ ဒီလိုအံသြစရာ တစ်ကျော့ပြန်ကြည့်ဖို့အခွင့်အရေးမရခဲ့တော့ပါဘူး။ ဒီလိုမှမဟုတ်ရင် သူက ကျိန်းသေ ဤကံကောင်းတဲ့အကောင့်ကနေ ဆက်ရောင်းဝယ်နေမှာဖြစ်ပါတယ်။

ဤဇာတ်လမ်း၏ သင်ခန်းစာကတော့ မည်သည့်: "ခိုလှုံရာ ငွေကြေး" ကိုမှမယုံပါနှင့်၊ ပြီးတော့ သင့်အကောင့်ကို အမြဲတမ်း ဆန်းစစ်ပါ၊ မိတ်ဆွေတို့။

သင်သိတဲ့ ဘယ်လိုထူးဆန်းတဲ့ အရောင်းအဝယ်ကိစ္စမျိုးကို မှတ်ချက်များမှာ ကျွန်တော်တို့ကို အသိပေးပါ (သို့) မှတ်ချက်များတွင် သင့်အကြိုက်ဆုံး memesများကိုပေးပို့ပေးပါ။ ဒါတွေဖတ်ရတာ ကျွန်တော်တို့ပျော်ပါတယ်။

အမြတ်အစွန်း ကြီးကြီးရပါစေ ဆန္ဒပြုလျှက်!

04.06.2018

ဘယ်အရာက ဒစ်ဂျစ်တယ်ငွေကြေးများကို ထိပ်တန်းနည်းပညာစတော့ရှယ်ယာများထက် ပိုကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်စေသလဲ

Cryptocurrencies_blockchain.jpg

နှစ်ပေါင်းများစွာက လူတွေဟာ စတော့ရှယ်ယာက အမြတ်အရဆုံးလို့ယူဆကြပြီး စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ်ငွေကြေးထွန်းကားလာမှုဟာ ရင်းနှီးမြှုပ်နှံတဲ့ခေတ်သစ်တစ်ခု စတင်စေခဲ့ပါသည်။ သင့်ရင်းနှီးမြှုပ်နှံမှုမှာ ကြီးမားတဲ့အကျိုးအမြတ် ဖန်တီးပေးနိုင်မည့် အလားအလာရှိခဲ့ပြီး၊ ဈေးအတက်အကျနဲ့ စွန့်စားမှုလည်းကြီးခဲ့ပါတယ်။

ICOsနဲ့ပတ်သတ်ပြီး လူတွေက စွန့်စားရမည့်အကြောင်း ပြောကြသော်လည်း Goldman နဲ့ JPMorganတို့လို အဓိကဘဏ္ဍာရေး အဖွဲ့အစည်းများက ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံရေးကို စတင်ရှာဖွေခဲ့ပါတယ်။ 

J.P. Morgan Chase ဥက္ကဌ နှင့် စီအီးအို Jamie Dimon သည် အရင်ကလို ဒစ်ဂျစ်တယ်ငွေကြေးအပေါ် ဝေဖန်မှုမရှိတော့ဘဲ၊ ဘစ်ကွိုင်ဟာ အလိမ်အညာလို့ခေါ်မိတဲ့အတွက် နောင်တရနေကြပါတယ်။

"ဘလော့ချိန်းဆိုတာ အစစ်အမှန်ပဲ"ဟု Dimonက အင်တာဗျူးမှာ ဖြည့်စွက်ခဲ့ပါတယ်။ "သင်ခရစ်တိုဒေါ်လာကို ယန်းအနေနဲ့လည်းရနိုင်ပြီး၊ တခြားဟာတွေလည်းအဲ့အတိုင်းပါပဲ။ ICOs ... လူတိုင်းကို တစ်ဦးချင်းစီ လိုက်ကြည့်ရပါမယ်။ ဘစ်ကွိုင်တကယ်ကြီးထွားလာတဲ့အခါ အစိုးရက ခံစားရမည့်အရာလိုမျိုး ဘစ်ကွိုင်ဆိုတာကျွန်တော့်အတွက်တော့ အဲ့လိုပါပဲ။ ကျွန်တော်နဲ့တခြားလူတွေနဲ့ အမြင်မတူခဲ့တာလေးပါပဲ။

မကောင်းတဲ့ ဟောကိန်းများထုတ်နေကြသော်လည်းဘစ်ကွိုင်ကတော့ ၎င်း၏ ၈နှစ်ပြည့်အထိမ်းအမှတ်ကျင်းပရန် ပြင်ဆင်ပြီး၊ ၁BTCကို ဒေါ်လာ ၁သောင်းထိရောက်ရန် ပြင်းထန်တဲ့ပြိုင်ပွဲကို ဆက်လက်ချီတက်နေပါသည်။ ဒီအတောအတွင်း FAAMGမှ နည်းပညာပေါက်ကွဲမှုအတွက် လေးနက်တဲ့အခွင့်အရေးလဲရနေပါသည်။

အ​ခြေအနေကို ပိုနားလည်သဘောပေါက်ရန် တစ်ဖက်မှာ FAAMG အဖွဲ့နှင့် အခြားတစ်ဖက်မှာ ဒစ်ဂျစ်တယ်ငွေကြေးပါဝင်တဲ့ အကြီးဆုံးနည်းပညာ စတော့ကို အနီးကပ်လေ့လာကြည့်ရအောင်။

Cryptocurrencies_faawg.jpg

FAAMG၊ အကြီးဆုံးဆိုရှယ်မီဒီယာ "အင်ပါယာ"ကြီးကို ကြားဖူးပါသလား?

FAAMG မှာ Facebook, Amazon, Apple, Microsoft, နဲ့ Google (ဗျည်းအက္ခရာ) တို့ပေါင်းစည်းထားပါတယ်။ မကြာသေးမီက FANG အဖွဲ့မှ Netflix ကိုဖယ်ပြီး၊ Appleနဲ့ Microsoft ကို FAAMG အဖွဲ့အသစ်ထဲမှာ ပါဝင်ရန် ပေါင်းထည့်ခဲ့ပါတယ်။ ဈေးကွက်ရှိ နည်းပညာတိုက်တန်ကြီး ငါးခု၏ စတော့ရှယ်ယာများကို ဝယ်ယူနိုင်ခွင့်ရရှိစေပါတယ်။

နှစ်အနည်းငယ်အတွင်းက နည်းပညာစက်မှုလုပ်ငန်းဆိုတာ ရင်းနှီးမြှုပ်နှံသူများအတွက် Wall Street ၏ ဦးဆောင်နေတဲ့ ကဏ္ဍများထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ Silicon Valley ရုတ်တရက်ကျော်ကြားမှု တိုးလာခြင်းဟာ ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွဲဆောင်မှုမြင့်စေခဲ့ပါတယ်။ Appleနဲ့ Microsoftတို့လို စက်မှုလုပ်ငန်းဦးဆောင်သူတွေဟာ ဈေးကွက်ထဲဝင်လာတဲ့အခါ အစပျိုးတဲ့ကုမ္ပဏီ အများစုက တည်ငြိမ်တဲ့ စတော့ရွေးချယ်မှု ဖြစ်လာခဲ့ပါတယ်။

သို့သော်လည်း ဈေးကွက်မှာ ကြမ်းတမ်းတဲ့နေ့ရက်များက အောင်မြင်မှုများရပေမယ့်လည်း ဤကုမ္ပဏီများက လုံးဝစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတော့မဟုတ်ဘူးဆိုတာ ပြသနေပါတယ်။ စကားမစပ် ပညာရှင်အချို့က FAAMG အခုလိုအရမ်းနာမည်ကြီးလာတဲ့အတွက် နည်းပညာပေါက်ကွဲမှုဖြစ်ဖို့ စိုးရိမ်ရတဲ့အခွင့်အရေးရှိနေနိုင်တာကို ကြောက်နေကြပါတယ်။ ၁၉၉၇ မှာစကြီးထွားလာပြီး ၂၀၀၁မှာ ပျက်စီးသွားတဲ့ dotcom bubble အကြောင်းပြောနေတာပဲဖြစ်ပါတယ်။

ဤ tech bubble ဟာ ရင်းနှီးမြှုပ်နှံသူ ထောင်ပေါင်းများစွာအတွက် အိပ်မက်ဆိုးကြီးတစ်ခုဖြစ်လာပြီး၊ ဒေါ်လာ ၅ထရီလီယံကျော် ဆုံးရှုံးမှုဖြစ်စေခဲ့ပါတယ်။ ဒါဟာ မဆင်မခြင် ထင်ကြေးပေးခြင်းနဲ့ ထောက်ခံချက်မရှိ (သို့) အမြတ်မရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ မဆင်မခြင် ရင်းနှီးမြှုပ်နှံခြင်းရဲ့ ရလဒ်ပဲဖြစ်ခဲ့ပါတယ်။ ဒီလဲကျမှုကြောင့် Pets.com နဲ့ Webvan လို ရင်းနှီးမြှုပ်နှံဖို့-ဆွဲဆောင်တဲ့ ကုမ္ပဏီတွေလည်း လုံးဝကျရှုံးခဲ့ပါတယ်။ ကံအကောင်းဆုံးသူကတော့ အရှုံးအများကြီးနဲ့ ဆက်လက်ကျန်ရစ်ခဲ့ပါတယ်။ ဥပမာ၊ Cisco၏ စတော့ရှယ်ယာများ ၈၆% ထိကျဆင်းခဲ့ပြီး၊ Qualcomm ကတော့ ဈေးကွက်မတည်ငွေ အတော်များများကြီးကို ဆုံးရှုံးခဲ့ပါတယ်။

dotcom ခေတ်က သင်ခန်းစာများကို ရင်းနှီးမြှုပ်နှံသူတိုင်း အမှတ်ရနေသင့်ပါတယ်။ ကြီးမားတဲ့ ငွေတိုးတက်မှုနှုန်းနဲ့တောင်မှ အောင်မြင်နေတဲ့စတော့ရှယ်ယာတွေကို အခြားဘဏ္ဍာရေး ကပ်ဆိုက်မှုတွေကနေ မကာကွယ်ပေးနိုင်ပါဘူး။ တကယ်တော့ လုပ်ဆောင်မှုအကောင်းဆုံးနဲ့ ကုမ္ပဏီတွေက ကျရှုံးဖို့အများဆုံးပါပဲ။ FAAMG စတော့ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံခြင်းကို သတိထားဖို့ အကြံပေးလိုပါတယ် - သူတို့က အမြဲတမ်း အထက်ကိုထိုးတက်နေမယ်လို့ ထင်ရင် မှားပါလိမ့်မည်။

ဒစ်ဂျစ်တယ် ငွေကြေးများ၏ အင်္ဂါရပ်တွေက ဘာတွေလဲ

ခုထိတော့ ဒစ်ဂျစ်တယ်ငွေကြေးသည် ၂၁ရာစု၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး အရာဖြစ်နေပါတယ်။ ယင်းသည် အလွန်စိတ်ဝင်စားစရာကောင်းပြီး၊ အလှမ်းကျယ်လွန်းတဲ့ ဘလော့ချိန်းနည်းပညာမှာ အလုပ်လုပ်နေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို ဗဟိုချုပ်ကိုင်မှုမှကင်းလွတ်စေခဲ့ပါတယ်။ ဒါဟာ ယုံကြည်စိတ်ချရမည့် ဒစ်ဂျစ်တယ် ငွေပေးချေအစီအစဉ်များကို ရှာနေတဲ့လူတွေအတွက် သာလွန်တဲ့ရွေးချယ်မှုကြီး ထောက်ပံ့ပေးခဲ့ပါတယ်။

၂၀၁၀တည်းက ဘစ်ကွိုင်ပျောက်ကွယ်တော့မယ်လို့ ၁၇၃ကြိမ်နီးပါးနဲ့ ၂၀၁၇မှာတော့ ဟောကိန်း ၉၃ခုထုတ်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဘစ်ကွိုင်ဟာ အခက်အခဲအားလုံးကနေ ဆက်လက်ကြီးထားလာမည့် ဒစ်ဂျစ်တယ် ငွေကြေးဈေးကွက်ရဲ့ ခေါင်းစီးသတင်းဖြစ်လျှက်ရှိပါတယ်။

BitGo အင်ဂျင်နီယာနဲ့ Bitcoin.info ဖန်တီးသူ  Jameson Lopp ကတော့ ဒစ်ဂျစ်တယ်ငွေကြေးဟာ အရှိန်အဟုန်နဲ့ နာမည်ကြီးလာပြီး၊ စဉ်ဆက်မပြတ် တိုးတက်နေတော့ ဘစ်ကွိုင်အကြောင်းကို အတော်လေး အကောင်းမြင်ပါတယ်။

“Blockchain.info (ဖြစ်နိုင်ချေရှိသော ထွက်ကုန်များအပြောင်းအလဲကို ဖယ်ရှားပြီး) ခန့်မှန်းတာက ၂၀၁၇မှာ ဒေါ်လာ ၃၇၅ဘီလီယံကို BTCမှတဆင့် လွှဲပြောင်းခဲ့ကြပြီး၊ ပျမ်းမျှအားဖြင့် တစ်စက္ကန့်ကို ဒေါ်လာ ၁၂,၀၀၀ နီးပါး ရှိခဲ့ပါတယ်။"

"၂၀၁၇မှာ ပျမ်းမျှဘစ်ကွိုင် ငွေလွှဲမှုတန်ဖိုးပေါင်း ဒေါ်လာ ၄,၀၀၀ မှ ဒေါ်လာ ၈၀,၀၀၀ ထိ မြင့်တက်ခဲ့ပါတယ်"။

ငွေလဲလှယ်နှုန်း 1300% ထက်ပိုပြီးတိုးလာတာနဲ့အမျှ ဘစ်ကွိုင်၏ ဈေးကွက်အရင်းအနှီးသည် ဒေါ်လာ ၂၃၀ ဘီလီယံထိ တိုးလာခဲ့ပြီး၊ ငွေထောက်ပံ့ရေး M1 (ငွေသား အပေါင်း စာရင်းရှင်အပ်ငွေများ)က ကမ္ဘာ့ငွေကြေးအားလုံးအကြား အဆင့်၁၉မှာ သတ်မှတ်ခဲ့ပါတယ်။

ပိုပိုပြီး ကျွမ်းကျင်သူများက ဘစ်ကွိုင်နှင့် ၎င်း၏ ပိုသစ်သောပြိုင်ဘက်များက တာရှည်ခံတဲ့အင်အားရှိတယ်လို့ သဘောတူကြပါတယ်။ ၅နှစ်မှ ၁၀နှစ်အတွင်း ဘစ်ကွိုင်နှင့် ထိပ်တန်း Altcoins တို့ သေချာပေါက် ဆက်လက်ရပ်တည်နေမှာဖြစ်ပါတယ်။

.

Cryptocurrencies_5.jpg

ရင်းနှီးမြှုပ်နှံရန် ထိပ်တန်း ဒစ်ဂျစ်တယ်ငွေကြေး ငါမျိုး

၁။ ဘစ်ကွိုင် - ပထမဆုံးနှင့် အကြီးဆုံး

ဆန်းပြားပြီး၊ အခိုင်အမာအမြစ်တွယ်နေတဲ့ ဤအစီအစဉ်က - ဒစ်ဂျစ်တယ်အလဲအလှယ် (quid-pro-quo) သဘောတူညီချက်များနှင့် အခြားတော်လှန်ရေး အသုံးပြုမှုများအတွက် ငွေလွှဲခ သုညနီးပါး ကျေးဇူးတင်ထိုက်အောင် ဘဏ္ဍာရေးဈေးကွက်ကိုကျော်လွန်ပြီး ဒစ်ဂျစ်တယ်ငွေကြေး သုံးစွဲခွင့်ရရှိစေနိုင်ပါတယ်။

၂။ Ripple - အကျိုးတူစွန့်စားတဲ့အရင်းအနှီး၏ အီလက်ထရစ်ငွေ

Ripple နောက်ကွယ်က ကုမ္ပဏီကို OpenCoin ဟုခေါ်သည်။ မေလထဲမှာ အကျိုးတူစွန့်စားတဲ့အရင်းအနှီးကနေ ဒေါ်လာ ၂သန်း လက်ခံရရှိခဲ့ပါသည်။ OpenCoin ၏ ဆင့်ကဲဖြစ်စဉ်အတွက် ရန်ပုံငွေ၏ အပိုဆောင်းအလှည့် အနေဖြင့် Ripple Labs အသားတင် ဒေါ်လာ ၃သန်းအမြတ်ရခဲ့သည်။

၃။ Litecoin - ဘစ်ကွိုင်ထက် ပိုမြန်တဲ့ ၈၄ သန်းသော ကွိုင်များ

၇.၈ ဘီလီယံဒေါ်လာများမှာ ယင်းတွင် ဒုတိယ (သို့) တတိယအကြီးဆုံး ဈေးကွက်အရင်းအနှီးရှိပါသည်။ Ripple ကို ဒစ်ဂျစ်တယ်ငွေကြေး ဟုတ်မဟုတ် သုံးသပ်ဖို့ပဲ မူတည်ပါတယ်။

၎။ Peercoin - ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေး

မိုင်းတူးရာတွင် ဘစ်ကွိုင်ထက် ပိုနည်းတဲ့ အင်အားသာ လိုတဲ့အတွက် ထိန်းထားနိုင်ပြီး၊ ရေရှည် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မဲ့ ကွိုင်လို့ပြောလို့ရပါတယ်။

၅။ မာစတာကွိုင် - Crypto အစီအစဉ် (လမ်းစဉ်)

တီထွင်သူများက မည်သူမဆို ကိုယ်ပိုင် crypto လုပ်နိုင်တဲ့အတွက် မာစတာကွိုင်ကို အသုံးပြုသူရဲ့ ငွေကြေးတွေကို အဆင်ပြေချောမွေ့စေရန် အသုံးပြုနိုင်ကြောင်း အခိုင်အမာဆိုထားပါတယ်။

ဒစ်ဂျစ်တယ်ငွေကြေးတွေမှာ အကျိုးအမြတ်အတွက် ကြီးမားတဲ့အလားအလာရှိပါတယ်။ လူတိုင်းကို ဒစ်ဂျစ်တယ်ငွေကြေးမှာ ရင်းနှီးမြှုပ်နှံဖို့ သုံးသပ်စေနိုင်သည့် စာရင်းအင်းအချက်အလက် တစ်ခုရှိပါတယ်။ ၂၀၁၃တုန်းက ဘစ်ကွိုင်မှာ မြှုပ်နှံလိုက်တဲ့ ဒေါ်လာ ၁,၀၀၀ ဟာ ခုဆို ဒေါ်လာ ၄၀၀,၀၀၀ ဖြစ်နေပြီဆိုတာပဲ တွေးကြည့်လိုက်ပါ။ မဆန်းကျယ်ဘူးလား?

အခုပဲ စမ်းကြည့်ပါ!

25.05.2018

ပုံမှန်မဟုတ်တဲ့ ငွေကြေးတွေဟာ တော်တဲ့ရောင်းဝယ်သူများအတွက် ကမ္ဘာသစ်တစ်ခု ဖြစ်စေနိုင်ပါတယ်

majors_minors_3_-04.jpg

လူသစ်လေးတွေကို သူတို့ရဲ့ Forexအလုပ်အကိုင်စစချင်းမှာ ဘယ်သူမှမပြောတဲ့အရာာတစ်ခုရှိတယ်: အမြတ်ပိုရဖို့အတွက် အဓိက ငွေကြေးအတွဲကိုပဲ ရောင်းဝယ်ဖို့ မလိုအပ်ဘူးဆိုတာပါပဲ။ တကယ်တမ်းတော့ သေချာတဲ့ ဗဟုသုတကို အသုံးချနေစဉ်အတွင်း ပုံမှန်မဟုတ်တဲ့ငွေကြေးအတွဲတွေကို ရောင်းဝယ်ခြင်းဟာ အကျိုးအမြတ်ကြီးတွေကို ရရှိစေနိုင်ပါတယ်။

အွန်လိုင်းလမ်းညွှန် အများစုနှင့် အရောင်းအဝယ်ပညာရှင်များက ရောင်းဝယ်သူအသစ်တွေကို ဂန္တဝင်နှင့် လူကြိုက်များတဲ့ ငွေကြေးအတွဲများဖြစ်တဲ့: အမေရိကန်ဒေါ်လာ၊ ယူရို၊ GBP၊ ဆွစ်ဖရန့်၊ ဂျပန် ယန်းတို့အပေါ် အာရုံစိုက်ထားဖို့ အကြံပြုထားပါတယ်။ ဒီအတွက် အကြောင်းပြချက်ကတောာ့ ရိုးရှင်းပါတယ် - အကြည့်တစ်ချက်မှာတင်၊ "အဓိက" လို့ရည်ညွှန်းတဲ့ အဓိက ငွေကြေးအတွဲများဟာ လမ်းကြောင်းလိုက်ရန်လွယ်ခြင်း၊ ကြေးအဟနည်းပါးခြင်း နှင့် ငွေပေါ်လွယ်မှုမြင့်မားခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ထုခွဲရောင်းချမှုမှာ အတွဲပေါင်းမြောက်များစွာရှိတယ်ဆိုတာ အမှတ်ရနေဖို့ အရေးကြီးပါတယ်။

အနိမ့်ဆုံး ကြေးအဟနှင့် အောက်ပါအတိုင်း အရောင်းအဝယ်ကုန်ကျစရိတ်ကို လျှော့ချခဲ့ခြင်းတို့သည် အဓိကအတွဲများအားလုံး၏ အရေးပါတဲ့ လက္ခဏာရပ်များဖြစ်သည်။

သူတို့ဟာ လူကြိုက်အများဆုံးဖြစ်ပြီး၊ ထို့ကြောင့်ပဲ ငွေရလွယ်မှုမြင့်မားပါတယ်။ လက်တွေ့အားဖြင့် Forex ဈေးကွက်၏ နေ့စဉ်လည်ပတ်နေတဲ့ငွေကြေးရဲ့ ၈၅%နီးပါးအတွက် မှတ်တမ်းတင်ထားကြပါတယ်။ ဆိုလိုတာက ဒေါ်လာ ၄.၅ ထရီလီယံဟာ အဓိကငွေကြေးအတွဲများအတွက်သာ ရောင်းဝယ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီအတွဲတွေဟာ အရောင်းဝယ်ရဆုံးဆိုတာ အမှန်တရားဖြစ်နေစဉ်မှာ အဓိကအတွဲတွေမှာလည်း သိသာထင်ရှားတဲ့ အားနည်းချက်အနည်းငယ်ရှိနေပါတယ်။ အမေရိကန်နှင့် ဥရောပဗဟိုဘဏ်များတွင် ငွေကြေးစာရင်းကိုက်ညီအောင် ထိန်းထားမည့်ရည်မှန်းချက်က အရေးပါတဲ့ တခဏအတွင်းမှာ "ဆေးထိုး"တဲ့အတွက် အသေးစားရောင်းဝယ်သူများ အရှုံးများခံစားရတတ်ပါတယ်။ ဒီငွေကြေးများဟာ ငွေကြေးဖောင်းပွမှုကို ပိုလွှမ်းမိုးနိုင်ပြီး၊ အခြေခံအချက်များကြောင့် တန်ဖိုးအတက်၊ အကျဖြစ်စေပါတယ်။

အသစ်အစမ်းလေး စမ်းကြည့်ချင်တယ် ဒါမှမဟုတ် ပိုများတဲ့အခွင့်အလမ်းတွေကို ရှာနေတယ်ဆိုရင် "အသေးစား"၊ အရံငွေကြေး လို့ရည်ညွှန်းတဲ့ အသေးစားငွေကြေးအတွဲတွေကို ဘာလို့မရွေးလဲ? USD မပါတဲ့အတွဲအားလုံးဟာ အရံငွေကြေးအတွဲများပဲဖြစ်ပါတယ်။

majors_minors_1.jpg

အသေးစား ငွေကြေးအတွဲတွေက ဘာတွေလဲ?

Forex အရောင်းအဝယ်တွင် အသေးစား ငွေကြေးအတွဲများမှာ များသောအားဖြင့် ယူရို၊ ယန်း (သို့) ဗြိတိန် ပေါင်တို့ပါဝင်ပါတယ်။ အများဆုံး အသေးစားအတွဲများကတော့:

EUR/GBP (ယူရို/ ဗြိတိန် ပေါင်) EUR/AUD (ယူရို/ သြစတြေးလျ ဒေါ်လာ) GBP/JPY (ဗြိတိန် ပေါင်/ ဂျပန် ယန်း) NZD/JPY (နယူးဇီလန် ဒေါ်လာ/ ဂျပန် ယန်း) GBP/CAD ( ဗြိတိန် ပေါင်/ ကနေဒါ ဒေါ်လာ)

ဒီငွေကြေးများရဲ့ တန်ဖိုးများက မကြာခဏဆိုသလို ပြောင်းလဲနေတတ်တဲ့အတွက် သင့်သုံးသပ်ချက်မှန်ကန်မယ်ဆိုရင် အရမ်းအောင်မြင်နိုင်ပါတယ်။

အသေးစားငွေကြေးအတွဲများသည် လူကြိုက်နည်းပြီး၊ ကြေးအဟ ကုန်ကျစရိတ်ကြီးမားပါသည်။ ဒါဟာဘာကြောင့်လဲဆိုရင် ငွေကြေးအတွဲများကို ဘယ်လိုအရောင်းအ၀ယ်သွက်လဲဆိုတဲ့ကုန်ကျစရိတ်-၀ယ်လိုအားနဲ့ ရောင်းလိုအားအပေါ်မူတည်တဲ့အတွက်ဖြစ်ပါသည်။ အသေးစားငွေကြေးအတွဲများသည် ငွေရလွယ်မှုနည်းသဖြင့် အကျိုးဆောင်များကကြေးအဟကို ပိုမြှင့်ပီးကောက်ခံကြပါသည်။ အဆိုပါအသေးစားငွေကြေးအတွဲအများစုမှာ ၁၀ကနေ ၂၀pips ကြားကွာဝေးတဲ့ကြေးအဟများရှိပါသည်။ စည်းမျဉ်းအရဆို အရောင်းအဝယ်နည်းတဲ့ငွေကြေးအတွဲတွေမှာ ကြေးအဟကြီးလေ့ရှိပါတယ်။ သူတို့နှုန်းထားရဲ့အတက်အကျကိုခန့်မှန်းဖို့လည်း ခက်ခဲတတ်ကြပါတယ်။

သို့ပေမယ့်လည်း အသေးစားအတွဲများကိုရောင်းဝယ်တဲ့အခါ တကယ့်အကျိုးအမြတ်ရနိုင်တဲ့ အခြေအနေများလည်း ရှိပါသေးတယ်:

•ရောင်းဝယ်သူမှ ဈေးလမ်းကြောင်းအတိုင်း လိုက်တဲ့အခါ။ အရံအတွဲများက အဓိကအတွဲများထက် ပိုကြာပြီး၊ ပိုမိုခိုင်မာတဲ့ လမ်းကြောင်းဖြစ်စေတတ်ပါတယ်။

•အဓိကအတွဲများရှိ ငွေကြေးများထဲမှ တစ်ခုက ဈေးအလွန်မတည်ငြိမ်တဲ့အဖြစ်မျိုးရှိနေတဲ့အခါ။ ဒီလိုအခြေအနေမျိုးမှာ အသေးစားအတွဲများက ပိုကောင်းတဲ့အရောင်းအဝယ်အခွင့်အလမ်းတွေ ပေးတတ်ပါတယ်။ ဥပမာ၊ ရောင်းဝယ်သူမှ အမေရိကန်ဒေါ်လာ၏ ဒိုင်းနမစ်ကြောင့် စိတ်ရှုပ်ထွေးခဲ့မယ်ဆိုရင် သူ/သူမသည် GBP/CAD လိုမျိုးအတွဲတွေကို ရောင်းဝယ်နိုင်ပြီး၊ အမေရိကန်မှ သတင်းတွေကိုသုံးသပ်စရာမလိုပါဘူး။

• ရောင်းဝယ်သူမှ အသေးစားအတွဲများရောင်းဝယ်ရာတွင် မတူညီတဲ့အချို့ထည့်သွင်းရန် သူ/သူမ၏ အစုကို ချဲ့ထွင်ရန်လိုလားတဲ့အခါ

•ရောင်းဝယ်သူမှ နိုင်ငံနှစ်နိုင်ငံ၏ အတိုးနှုန်းကွာခြားချက်များမှ အမြတ်ထုတ်လိုတဲ့အခါ။ ရောင်းဝယ်သူမှ ငွေကြေးတမျိုးကို အတိုးနှုန်းအနိမ့်နဲ့ ရောင်းနေချိန်မှာ တခြားတစ်ခုကို အတိုးနှုန်းအမြင့်နဲ့ဝယ်ယူနိုင်ပါသည်။ အသေးစားငွေလဲလှယ်နှုန်းဟာ ဒီလိုဗျူဟာအတွက် အခွင့်အလမ်းများစွာပေးပါတယ်။

အသေးစားအတွဲများရောင်းဝယ်ခြင်းရဲ့ မူလအကျိုးကျေးဇူးက ဖြစ်နိုင်ခြေမြင့်မားတဲ့ အရောင်းအဝယ်အခွင့်အလမ်းများအတွက် ပြန်လည်သုံးသပ်ရန် ပိုများတဲ့ Forex အရောင်းအဝယ်ကိရိယာများရှိနိုင်ခြင်းပါပဲ။ ဒီလိုပစ္စည်းအတွဲတွေမှာ ဈေးလှုပ်ရှားမှုကြမ်းနိုင်ပါတယ်။ ပရိယာယ်များပြီး၊ ရှုပ်ထွေးလှတဲ့ USD အရောင်းအဝယ်ကို ရှောင်ရှားနိုင်ပါတယ်။ ဒါ့အပြင် အသေးစားအတွဲများမှာ ရှင်းလင်းတဲ့ဈေးဦးတည်ရာလမ်းကြောင်းရှိပြီး၊ သူတို့လှုပ်ရှားမှုများကို သူတို့ရဲ့နိုင်ငံအသီးသီး၏ အတွင်း၊အပြင် ငွေကြေးစီးဆင်းမှုဖြင့် ယုတ္တိကျကျရှင်းပြနိုင်ခြင်း၊ အတိုးနှုန်းကွဲပြားခြင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ စွန့်စားလိုစိတ်များကြောင့် ဒီအတွဲများကို သုံးသပ်ခြင်းဖြင့် ပိုမိုစွမ်းဆောင်နိုင်ပါသည်။ 

majors_minors_2_-02.jpg

ရောင်းဝယ်ရန် အကောင်းဆုံး အသေးစား အတွဲတွေက ဘာတွေလဲ?

အကောင်းဆုံးအရောင်းအဝယ်အတွက် ပိုမိုနှစ်သက်ပြီး၊ ယန်းနဲ့တွဲလို့အကောင်းဆုံး ငွေကြေးအတွဲတွေကတော့ EUR/JPY, GBP/JPY, AUD/JPY, NZD/JPY တို့ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့သုံးနှစ်တာ ကာလကျော်မှာ ဂျပန် ယန်းဟာ အပြောင်းအလဲမရှိဆုံး ငွေကြေးအတွဲဖြစ်ကြောင်း သင်သိရလျှင် အံ့အားသင့်မိပါလိမ့်မည်။ JPY ပါဝင်တဲ့ငွေကြေးအတွဲများ ရောင်းဝယ်ခြင်းဟာ တခြားအတွဲများရောင်းဝယ်တာနဲ့ယှဉ်ရင် အမြတ်ရန်အခွင့်အရေး ပိုများတဲ့ရလဒ် ရစေပါတယ်။

အသေးစား ငွေကြေးအတွဲများ ရောင်းဝယ်ရန် နည်းလမ်းအနည်းငယ်:

၁။ အောင်မြင်မှုပိုမိုမြင့်မားဖို့ အခွင့်အလမ်းရစေရန် ငွေကြေးအတွဲ တစ်ခု (သို့) အနည်းငယ်နဲ့စဖို့ လိုအပ်ပြီး၊ သူတို့ကိုပဲ အာရုံစိုက်ထားပါ။ ဒီနည်းဖြင့် သင့်အတွက် အရောင်းအဝယ်တွေကို စီမံခန့်ခွဲခြင်း၊ အမြတ်တွေ တိုးပွားအောင်လုပ်ခြင်းတို့ ပိုပြီးလွယ်ကူလာပါလိမ့်မည်။

၂။ ရွေးချယ်ထားတဲ့ ငွေကြေးအတွဲအကြောင်း တတ်နိုင်သမျှ လေ့လာပါ။

တနည်းဆိုရသော် ငွေကြေးအတွဲကို ၎င်း၏နိုင်ငံရေး၊ ဘဏ္ဍာရေးနှင့် နောက်ခံစီးပွားရေးနဲ့ဆက်စပ်ကြည့်ပါ။ ၎င်းမှီခိုနေတာနဲ့၊ အကယ်၍၎င်း၏ ဈေးနှုန်းအတက်အကျအများဆုံးကို တိကျစွာခန့်မှန်းနိုင်ရန် နည်းပညာသုံးသပ်ချက်အတွက် ဘာသာရပ်တစ်ခုဖြစ်မည်ဆိုရင် အခြေခံကျတဲ့အချက်များကို ရှာဖွေပါ။

၃။ ရွေးချယ်ထားတဲ့ ငွေကြေးအတွဲ၏ အရောင်းအဝယ်ကဏ္ဍကို သတ်မှတ်ပြီး၊ သင်လုပ်ဆောင်မည့် အချိန်နဲ့အညီ စီစဉ်ပါ။

Forexသည် တစ်နေ့ကို ၂၄နာရီဖွင့်တဲ့ ဈေးကွက်ဖြစ်သော်လည်း အဓိက ကဏ္ဍသုံးခုရှိပါတယ်: တိုကျိုကဏ္ဍ၊ လန်ဒန်ကဏ္ဍ နှင့် အမေရိကန် ကဏ္ဍတို့ဖြစ်သည်။ US ဒေါ်လာနဲ့ပတ်သတ်တဲ့ ငွေကြေးအတွဲက အမေရိကန်နယ်ပယ်မှာ ပိုပြီး အတက်အကျကြမ်းပြီး၊ ဂျပန် ယန်းနဲ့ အာရှကဏ္ဍတွေကလည်း ထိုနည်း၎င်းပါပဲ။

၎။ အစိမ်းသက်သက် ရောင်းဝယ်တဲ့အတွေ့အကြုံကို ဘယ်အရာမှ အစားမထိုးနိုင်ပါဘူး။ သင်ရောင်းဝယ်လေ၊ ရွေးထားတဲ့ ငွေကြေးအတွဲတွေ၊ သူတို့ရဲ့ကွဲပြားမှုနဲ့ ဖြစ်နိုင်ချေရှိတဲ့ ဈေးနှုန်းအတက်အကျကို ပိုသိလာလေပါပဲ။

အခုပဲ စမ်းကြည့်ပါ!

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

စတင်လေ့လာသူများအတွက် Forexစာအုပ်

စတင်ရောင်းဝယ်ရာတွင် လိုအပ်သည့် အရေးအကြီးဆုံးအရာ
သင့်အီးမေးလ်ကို ထည့်သွင်းလိုက်ပါ. Forex လမ်းညွှန်စာအုပ်ကို သင့်ထံအခမဲ့ ပေးပို့ပေးသွားပါမည်

ကျေးဇူးပါ!

သင့်အီးမေးလ်ထံ လင့်ခ်ပို့ပေးလိုက်ပါပြီ.
ထိုအီးမေးလ်အား ကလစ်နှိပ်ကာ သင့်အီးမေးလ်လိပ်စာကိုအတည်ပြုပြီး စတင်လေ့လာနေသူများအတွက် Forex လမ်းညွှန်စာအုပ်ကို အခမဲ့ရယူလိုက်ပါ.

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera