FBS Grand Event Bangkok

ထိုင်းနိုင်ငံ​မှ ဖောက်သည်တော်များအတွက်​ တွေ့ဆုံပွဲအစီအစဉ်

တွေ့ဆုံပွဲကို ထိုင်းနိုင်​ငံရဲ့အလှဆုံးဟိုတယ်​​တွေထဲ တစ်​ခုအပါအဝင်​ဖြစ်​တဲ့, Pullman Bangok Grande Sukhumvitဟိုတယ်​မှာ ကျင်းပခဲ့ပါတယ်​. ထို​နေရာမှာ မိနစ်​အနည်းငယ်​စာ​လောက်​​တော်​​တော်​​လေးကိုလူ​တွေပြည့်​ကြပ်​သွားတဲ့အထိဖြစ်​ခဲ့ပါတယ်​,ဒါဟာ အံ့အားသင့်​ဖွယ်​တစ်​ခု​တော့မဟုတ်​ပါဘူး,ဘာလို့လဲဆိုရင်​ တက်​​ရောက်​မယ့်​လူစာရင်းမှာ လူ​တွေအပြည့်​ပဲမို့ပါ. FBSရဲ့ထိပ်​တန်းအုပ်​ချုပ်​​ရေးအဖွဲ့ဝင်​​တွေကလဲ trader​တွေနဲ့partnerများအား FBSကို​ရွေးချယ်​တဲ့အတွက်​​ကျေးဇူးတင်​ဂုဏ်​ပြုစကား​ပြောဖို့ ပွဲ​ကို​တက်ေ​ရာက်​​လာခဲ့ပါတယ်​. တက်​​ရောက်​လာသူအားလုံးဟာ အလွှာစုံ အရွယ်​စုံ ကျား/မအစုံဖြစ်​ပြီး မိမိတို့အနှစ်​သက်​ဆုံးအလုပ်​ဖြစ်​တဲ့ FBSမှာ tradingလုပ်​တဲ့​အ​ကြောင်း​ပြောဆိုရင်း အားလုံးတစ်​စုတစ်​စည်းတည်းစည်းစည်းလုံးလုံးရှိခဲ့ပါတယ်​. သူတို့​တွေဟာ တစ်​​ယောက်​နဲ့တစ်​​ယောက်​အပြန်​အလှန်​​ဖော်​​​ရွေချစ်​ကြည်​စွာနဲ့ အမှတ်​တရဓာတ်​ပုံ​တွေရိုက်​ကူးကြခဲ့ကြပြီး အားလုံ​ပျော်​ရွှင်​​နေကြတာကိုကြည့်​ရတာ FBSမိသားစုကြီးတစ်​ခုလိုပါပဲ. ကြီးကျယ်​ခမ်းနားတဲ့ Pullman Bangkok Grande Sukhumvit ဟိုတယ်​ကြီးရဲ့​​ဟောလ်​ခန်းကျယ်​ကြီးကို အခမ်းနားဆုံးဖြစ်​​အောင်​အ​ကောင်းဆုံးခင်းကျင်းပြင်​ဆင်​ထားတာကလဲ​တွေ့ဆုံပွဲညချမ်းကို ပိုမိုပြည့်​စုံ အသက်​​ဝင်​သွား​စေပါတယ်​. ကုမ္ပဏီရဲ့ ထိပ်​တန်းအကြီးအကဲ​တွေရဲ့ ​ဟော​ပြောချက်​​တွေနဲ့ ကုမ္ပဏီရဲ့ တင်​ပြချက်​​တွေနဲ့ ဂီတ​တေးသံ​တွေနဲ့ အကအလှ​​ဖျော်​​ဖြေမှု​တွေက​တွေ့ဆုံပွဲကို ပိုမိုမြိုင်​ဆိုင်​သွား​စေခဲ့ပါတယ်​. ညဘက်​ ရှိုးပွဲအစီအစဉ်​ကလဲ တက်​​ရောက်​ခဲ့တဲ့သူတိုင်းကိုကြည်​နူး​စေခဲ့ပါတယ်​​. ရှိုးပွဲမှာလှပ​ချော​မောတဲ့ အဆို​တော်​များသာမက နာမည်​ကြီးdancerများနဲ့  ဟာသလူရွှင်​​တော်​များလဲ ပါဝင်​​ဖျော်​​ဖြေခဲ့ပါတယ်​! ပွဲမှာအားလုံးအတွက်​ စိတ်​လှုပ်​ရှားခဲ့ရတဲ့အချိန်​က​တော့ ဆုမဲ​နှိုက်​ပြီး ကံစမ်းမဲ​ဖောက်​​ပေးတဲ့အချိန်​ပါပဲ. ဧည့်​သည်​​တော်​များအတွက်​ FBSမှတန်​ဖိုးကြီးဆုလက်​​ဆောင်​များကိုမဲ​ဖောက်​​ပေးခဲ့ပြီး ကံအ​ကောင်းဆုံးဧည့်​သည်​​တော်​​တွေက​တော့ iPhoneအသစ်​​တွေ iPadအသစ်​​တွေရရှိသွားပြီး တချို့ဆိုရင်​ MacBook Proတို့  iMacတို့အထိ ကံထူးသွားကြပါတယ်​! ဆုရရှိတဲ့ကံထူးရှင်​​တွေရဲ့ ဝမ်းသာအားရ​​ပျော်​ရွှင်​​နေတဲ့မျက်​နှာကိုမြင်ခဲ့ရပြီး ​အလွန်​​ကျေးဇူးတင်​တဲ့စကားသံ​တွေကို နား​ထောင်​ခဲ့ရတာဟာ တကယ့်​ကို​ကျေနပ်​ပီတိဖြစ်​ခဲ့ရပါတယ်​.

Videos

သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေထုတ်ရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera