ထရိတ်ဒါ ပါတီ: ပျော်ရွှင်ဖွယ်မွေးနေ့မှ အမှတ်တရများ

ထရိတ်ဒါ ပါတီ: ပျော်ရွှင်ဖွယ်မွေးနေ့မှ အမှတ်တရများ

၂၀၁၈ ဖေဖော်ဝါရီ ၁၁ရက်တွင် အကြီးဆုံးသော ထရိတ်ဒါပါတီကြီးကို ကျင်းပခဲ့ပြီး ကုမ္ပဏီ၉နှစ်ပြည့်ပွဲကိုပါ တပြိုင်နက်ကျင်းပခဲ့ပါသည်. ပါတီပွဲကို အင်ဒိုနီးရှားနိုင်ငံ Surabayaမြို့တွင် ကျင်းပခဲ့ပြီး တက်ေ၇ာက်လာသူဧည့်သည်များ အားလုံးအတွက် တစ်သက်မမေ့နိုင်မည့် ပွဲတစ်ပွဲဖြစ်ခဲ့ပါသည်. တက်ေ၇ာက်လာသူများမှာ ၂၅၀ကျော်ခဲ့ပြီး ပျော်ရွှင်ဖွယ်ရာများ၊ ဆုလက်ဆောင်များ၊ သရုပ်ပြတင်ဆက်မှုများနှင့် အားလုံးအတူတကွ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါသည်. FBSမွေးနေ့ပါတီ၏ အကောင်းဆုံးအမှတ်တရများကို ကြည့်ရှုလိုက်ကြရအောင်..

ပျော်ရွှင်ဖွယ် အစီအစဉ်များကို ပါတီအ၀င်နေရာကတွင်ပင် အစပြုပြီး ဧည့်သည်များသည် FBSတံဆိပ်ပါ အမှတ်တရလက်ဆောင်များ၊ ကံစမ်းမဲလက်မှတ်များကိုရရှိခဲ့ကြပီး၊ ဆယ်ဖီလ်ဆွဲခြင်း၊ silhouetteပုံဆွဲပေးခြင်းများ၊ ရိုးရာအကများကို ခံစားကြည့်ရှုပြီး၊ စားသောက်ဖွယ်ရာများကို သုံးဆောင်ကာ အချင်းချင်းမိတ်ဆွေဖွဲ့နိုင်ခဲ့ကြပါသည်.

တွေ့ဆုံပွဲကို စားကောင်းသောက်ဖွယ်ရာ ညစာများ၊ ခေတ်ပေါ် အကအလှများ၊ ရိုးရာအကအလှများနှင့်အတူ ပွဲဦးဆောင်ကျင်းပသူ MC Daniel Manantaမှ နွေးထွေးစွာ နှုတ်ခွန်းဆက်စကားပြေားကာ ပွဲအဖွင့်ကိုစတင်ခဲ့ပါသည်. FBSစီအီးအို Mr. Dennis Slinkin၏ အမှတ်တရစကားပြောကြားမှုမှာ မမျှော်လင့်ထားသည့် အင်ဒိုစကားဖြင့် ပြောကြားခဲ့သည့်အတွက် အလွန်နှစ်ခြိုက်အားပေးခဲ့ကြပါသည်. သူပြီးသည်နောက်တွင် FBS၏ COOဖြစ်သူ Ms. Yulia Ivanovaကလဲ အင်ဒိုစကားနှင့်ပင် အလွန်ပီပီသသ နှုတ်ခွန်းဆက်သခဲ့ရာ ပရိတ်သတ်များ အလွန်အားရ၀မ်းသာသွားခဲ့ကြပါသည်.

ပါတီပွဲကျင်းပခဲ့သည့် ညတွင် ဧည်သည်တော်များအတွက် အကောင်းစား ထိပ်တန်း Apple နှင့် Samsung ပစ္စည်းများအပါအ၀င် အမှတ်တရလက်ဆောင်များစွာကို ပေးအပ်ခဲ့ပါသည်. Cak Lontong၏ (သူက ဟာသအလွန်ပြောတတ်လို့ အလွန်လူသိများ) ဖျော်ဖြေတက်ဆက်မှုများကို ကြည့်ရှုကာ ဧည်သည်တော်များအနေဖြင့် အားရပါးရ ရယ်မောပျော်ရွှင်ခဲ့ကြရပြီး၊ Marcel Siahaanနှင့် သီချင်းများကို လိုက်လံသီဆိုခဲ့ကြကာ Krisdayantiနှင့်အတူ ကခဲ့ာ့ပြီး အတူဆယ်ဖီလ်ဆွဲကာ၊ ရယ်ရွှင်ဖွယ်ဂိမ်းများကစားကာ FBSရဲ့ ၉နှစ်ပြည့် အမှတ်တရ အလွန်လှပသည့် မွေးနေ့ကိတ်ကြီးကို လှီးခဲ့ကြကာ ဂုဏ်ပြုမွေးနေ့ဆုတောင်းများ ပြောကြားခဲ့ကြပါသည်!

ပါတီပွဲတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားအရှေ့ပိုင်းမှာရှိတဲ့ Malangမြို့လေးမှာနေတဲ့ စိတ်ကူးအိပ်မက်ပြိုင်ပွဲဆုရှင် Mr. Fanny Setiaအကြောင်း ဗွီဒီယိုကို ပြန်လည်ပြသခဲ့ရာ အားလုံးခံစားခဲ့ကြရပါသည်. Mr. Dennisမှ Fanny Setiaအား စတိတ်စင်ပေါ်သို့ ဖိတ်ခေါ်ကာ အမှတ်တရလက်ဆောင်တစ်ခု ပေးအပ်ခဲ့ပါသည်.

ကျေးဇူးပါ, အင်ဒိုနီးရှားရေ, တကယ့်ကိုပျော်စရာညလေးဖြစ်ခဲ့ပါတယ်!

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera