iPartner 7 မှာအနိုင်ရခဲ့သူတွေကို ကြည့်လိုက်ပါ.

iPartner 7 မှာအနိုင်ရခဲ့သူတွေကို ကြည့်လိုက်ပါ.

စိတ်လှုပ်ရှားဖွယ် အကြိတ်အနယ်ယှဉ်ပြိုင်ပြီးဆုရရှိသူတွေအကြောင်းကိုဖတ်လိုက်ပါ.

ဒီမှာကတော့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ပြီး FBSကနေချီးမြှင့်တဲ့ဆုလက်ဆောင်တွေကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ကြတဲ့ ပြိုင်ပွဲဝင်သုံးဦးပဲဖြစ်ပါတယ်. သူတို့ရဲ့အောင်မြင်မှုကို အားကျအတုယူရအောင်လို့ အင်တာဗျူးသတင်းအတိုလေးကို ဖတ်ကြည့်လိုက်ပါ!

 

ပထမဆုကိုတော့ ထိုင်းနိုင်ငံမှ Mr. Setthaphong Onphuviengကရရှီသွားပါတယ်, ကွန်ကရက်ကျူလေးရှင်းပါ!

FBSပါတနာပြိုင်ပွဲစတော့ Mr. Setthaphongအနေနဲ့ ပါတနာဖြစ်တာ နှစ်လသာရှိပါသေးတယ်. ဒါပေမယ့်သူ့ရဲ့အံ့အားသင့်ဖွယ် ခေါင်းဆောင်နိုင်မှု စည်းရုံးနိုင်မှုစွမ်းရည်တွေကြောင့်ပဲ နံပါတ်တစ်နေရာကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်. Khon Kaen Forexအဖွဲ့သားအားလုံးရဲ့ကိုယ်စား FBSကိုကျေးဇူးတင်ပြီး သူ့ကိုယ်သူလဲဂုဏ်ယူကျေနပ်မိတယ်လို့ဆိုပါတယ်. အကယ်၍ Mr.Setthaphong အနေနဲ့ ရုရှားနိုင်ငံ၊ စိန့်ပီတာဘတ်မြို့ကို သွားရောက်နိုင်မယ့် ခရီးစဉ်ကို အနိုင်ရရှိခဲ့ပါက FBSရုံးချုပ်ကိုသွားရောက်လည်ပတ်ချင်ပြီး သူရဲ့နိုင်ငံတကာခရီးသွားရတဲ့အတွေ့အကြုံလေးတွေကိုလဲ ပြန်လည်ဝေမျှချင်ပါတယ်လို့ဆိုပါတယ်. သူရရှိခဲ့တဲ့ဆုလက်ဆောင်ကတော့ Retina 4K အရည်အသွေးမှန်သားပြင်ပါရှိသည့် iMacတစ်လုံးပဲဖြစ်ပါတယ်.

 

ဒုတိယဆုကိုလည်း ထိုင်းနိုင်ငံမှပါတနာတစ်ဦးဖြစ်သူ Mrs. Kanokwan Sriniang ကရရှိသွားပါတယ်.

ယခုအကြိမ်ဟာ Mrs. Kanokwanအနေနဲ့ပြိုင်ပွဲမှာ ပထမဆုံးပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး နောက်လာမယ့် iPartnerပြိုင်ပွဲတွေမှာသေချာပေါက် ပထမဆုရဖို့သေချာအောင်ြို့းစားသွားမယ်လို့ ကြုံးဝါးထားသူတစ်ဦးဖြစ်ပါတယ်. ရုရှားနိုင်ငံကိုအလည်အပတ်သွားချင်ပြီး FBSရုံးချုပ်ကိုလဲရောက်ဖူးချင်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်. ကျွန်ုပ်တို့လေးစားအားထားရတဲ့ ပြိုင်ပွဲမှာအနိုင်ရသူတွေကို နွေးထွေးစွာနဲ့ အမြဲကြိုဆိုလျှက်ပါ. သူမရရှိသွားခဲ့တဲ့ဆုလက်ဆောင်ကတော့ မျက်နှာပြင်အကျယ် 13 လက်မရှိသည့် MacBook Airပဲဖြစ်ပါတယ်.

 

တတိယဆုကိုတော့ အင်ဒိုနီးရှားမှ Mr. Safri Syamsudinကရရှိသွားပါတယ်.

Mr. Safriအနေနဲ့ iPartner 7 ပြိုင်ပွဲကြီးမှာပါဝင်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တာဟာဆိုရင် FBSနှင့်အတူတူ ငါးနှစ်ကြာလက်တွဲခဲ့ပြီး တကယ့်ကိုယုံကြည်စိတ်ချစရာကောင်းတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်ဆိုတာကို သိရှိထားတဲ့အတွက် ယခုလိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်လို့ဆိုပါတယ်. အကယ်၍ Mr.Safriအနေနဲ့ ရုရှားနိုင်ငံ၊ စိန့်ပီတာဘတ်မြို့ကို သွားရောက်နိုင်မယ့် ခရီးစဉ်ကို အနိုင်ရရှိခဲ့ပါက ကမ္ဘာ့အထင်ကရနာမည်ကျော်ဝတ်ပြုကျောင်းတော်တွေဖြစ်တဲ့ Blue Mosque နဲ့ Saviorချာ့ခ်ျကျောင်းတော်ကြီးတွေဆီကို သွားရောက်လည်ပတ်ချင်တယ်လို့သိရပါတယ်. သူရရှိခဲ့တဲ့ဆုလက်ဆောင်ကတော့ ရွှေရောင် iPhone 7 Plusပဲဖြစ်ပါတယ်.

 

ပါဝင်ယှဉ်ပြိုင်ခဲ့သူအားလုံးလဲ နောက်လာမယ့် iPartnerပြိုင်ပွဲတွေမှာကံကောင်းကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်. သူတို့ရဲ့ကြိုးစားယှဉ်ပြိုင်နေမှုကိုလည်း အသက်ရှုရပ်လောက်အောင် စောင့်ကြည့်အားပေးသွားချင်ပါတယ်.

အခြားသတင်း

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera