FBSသည် မလေးရှားနိုင်ငံ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပြပွဲတွင် ဆုတံဆိပ်တစ်ခု ရရှိခဲ့ပါသည်

FBSသည် မလေးရှားနိုင်ငံ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပြပွဲတွင် ဆုတံဆိပ်တစ်ခု ရရှိခဲ့ပါသည်

သြဂုတ်လ ၂၆-၂၇ရက်နေ့တွင် မလေးရှားနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုပြပွဲကို ကျင်းပပေးခဲ့ပြီး ဒေသတွင်းရှိထရိတ်ဒါများနှင့် ရင်းနှီးမြှပ်နှံသူများအတွက် ငွေရေးကြေးရေးအဆင်ပြေစေမယ့် စိတ်ကူးအကြံဥာဏ်များကို ဝေမျှပေးခဲ့ပါသည်. ရင်းနှီးမြှပ်နှံမှုပြပွဲကို အကောင်းဆုံး အခမ်းနားဆုံးနှင့် သတင်းအချက်အလက်များ အပြည့်စုံဆုံးဖြစ်အောင် စီစဉ်ပေးခဲ့ပါသည်. အဖွဲ့သားများအားလုံးက တက်ရောက်လာသူအားလုံးနှင့်အတူတကွ ရင်းရင်းနှီးနှီး အမှတ်တရဓာတ်ပုံရိုက်ကြပြီး အမှတ်တရဓာတ်ပုံများကိုလဲ ချက်ချင်းအခမဲ့ ပုံထုတ်ပေးခဲ့ပါသည်.

တက်ေ၇ာက်လာသူဧည့်သည်တော်အားလုံးသည်လည်း Forexထရိတ်ဒင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေနဲ့ အကျိုးဆောင်ကုမ္ပဏီရွေးချယ်ရာမှာ အရေးကြီးတဲ့ သိသင့်တဲ့အချက်အလက်တွေအားလုံးကိုလဲ သိရှိသွားခဲ့ကြတာ ဖြစ်ပါသည်. ကျွန်တော်တို့ ကုမ္ပဏီမှာ ပညာသင်များနှင့် ကျွမ်းကျင်ထရိတ်ဒါများအတွက်ပါ ထရိတ်ဒင်း အကယ်ဒမီများ သင်တန်းများစီစဉ်ထားရှိပေးတဲ့အကြောင်းကိုလဲ တက်ရောက်လာသူအားလုံး သိရှိသွားခဲ့ကြပါသည်. တက်ေ၇ာက်လာသူများအားလုံးကလဲ မိနစ်ပိုင်းအတွင်း အဆင်ပြေပြေအကောင့်ဖွင့်ပြီး အမြတ်ရအောင် စတင်ထရိတ်ဒင်းလုပ်လိုစိတ်များ ပေါ်လာခဲ့ပါသည်.

ပြီးခဲ့သည့် ရုံးပိတ်ရက်အားလပ်ရက်များအတွင်း ဆုတံဆိပ်တစ်ခုကိုထပ်မံရယူပြီး မလေးရှားနိုင်ငံတွင် အမှတ်တရအဖြစ်အပျက်များကို ချန်ထားနိုင်ခဲ့ပါသည် - ရင်းနှီးမြှပ်နှံမှုပြပွဲတွင် တက်ေ၇ာက်လာသူအားလုံးရဲ့ မဲပေးမှုနှင့်အတူ "အကောင်းဆုံးသော နိုင်ငံတကာအကျိုးဆောင်ကုမ္ပဏီဆု"ကို ရရှိခဲ့ပါသည်. ထိုပြပွဲအတွင်း FBS၏ ဈေးကွက်သုံးသပ်သူပညာရှင် Mr. Kazaကနေပြီး Forexထရိတ်ဒင်းအကြောင်းကို တိုက်ရိုက် liveထုတ်လွှင့်ပြီး ရှင်းလင်းဆွေးနွေးပြခဲ့ပါသည်.

အကောင်းတကာ့အကောင်းဆုံးအရာကတော့ ထိုပွဲတွင် ပညာပေး၊ ခင်မင်ရင်းနှီးမှုနှင့် ကွန်ယက်ချိတ်ဆက်နိုင်မှုများကို အကောင်းဆုံးတွေ့မြင်ခဲ့ရသည့် ပွဲတစ်ပွဲဖြစ်ပါသည်. တက်ေ၇ာက်လာသူအားလုံးရဲ့ လက်ထဲမှာလဲ ပညာပေးလက်ကမ်းစာစောင်များအပြည့်ပါသည့် FBSတံဆိပ်နှင့်အိတ်များ၊ ဘောက်ချာများ၊ အားသွင်းသည့် ပါဝါဘန့်များ မှတ်စုစာအုပ်များ ကစားစရာအရုပ်များနှင့် တီရှပ်များ အစရှိတဲ့အမှတ်တရလက်ဆောင်တွေအပြည့်ရရှိသွားခဲ့ကြပါသည်. မလေးရှားရှိထရိတ်ဒါများနှင့် အတူတကွတွေ့ဆုံပြီး အမှတ်တရအချိန်ကောင်းလေးများကို ပိုင်ဆိုင်ခဲ့ရသည့်အတွက် FBSအဖွဲ့ကလည်း အလွန်တရာမှ ပျော်ရွှင်ခဲ့ကြပါသည်.

ကျေးဇူးပါ, မလေးရှား, နောက်တစ်ကြိမ်ပြန်လာခဲ့ပါဦးမည်!

အခြားသတင်း

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera