FBSရန်ကုန်တွေ့ဆုံပွဲကို မြန်မာပြည်တွင် နောက်ထပ်တစ်ကြိမ် ထပ်မံကျင်းပပြီးစီးခဲ့ပါပြီ။

FBSရန်ကုန်တွေ့ဆုံပွဲကို မြန်မာပြည်တွင် နောက်ထပ်တစ်ကြိမ် ထပ်မံကျင်းပပြီးစီးခဲ့ပါပြီ။

မြန်မာပြည်ရှိ ကုန်သည်များနှင့် ပါတနာများအတွက် FBSရန်ကုန်တွေ့ဆုံပွဲကြီးကို ၂၀၁၇ခုနှစ် မေလ ၂၈ရက်နေ့တွင် ကျင်းပပေးခဲ့ပါသည်။ FBSလျပျိုဖြူလေးများက နှုတ်ခွန်းဆက်ကြိုဆိုကာ လူရွှင်တော်များ၊ မျက်လှည့်ပညာရှင်များဖြင့် ကြိုဆိုခဲ့သည့်အတွက် ဧည့်သည်တော်များအားလုံး အံ့သြပျော်ရွှင်သွားကြပါသည်။ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်လာပြီ ပရိုမိုးရှင်း အစီအစဉ်တွင် အနိုင်ရရှိခဲ့သူ ကိုကျော်ခိုင်အား FBS၏ စီအီးအိုမှအံ့အားသင့်ဖွယ် surpriseဖြစ်သွားစေမည့် အထူးဆုလက်ဆောင်ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ရွှေစင်တစ်ကျပ်သားရှိသည့် ရွှေဒင်္ဂါးပြားကို ဆုလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါသည်။ ကံကောင်းစေသော ဤဆုလက်ဆောင်ကိုရရှိပိုင်ဆိုင်ပြီးသည့်နောက် ကိုကျော်ခိုင်တစ်ယောက် ရောင်းဝယ်ရာမှာ အမြတ်အစွန်းများများရရှိပြီး ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။ 😉

အကောင်းစား iPhone 7၊ Samsung Galaxy S8 စမတ်ဖုန်း၊ MSi gamingလက်တော့ပ်၊ Acer Predatorတက်ဘလက်နှင့် အထူးဆုဖြစ်သည့် Panasonic 65” Ultra HD 4Kစမတ်တီဗွီတို့ကို ဧည့်သည်တော်များအတါက် မဲဖောက်ပေးခဲ့ပါသည်။ နောက်ဆုံးပေါ်နည်းပညာမြင့် အကောင်းစားပစ္စည်းများကို အသုံးပြုပြီး မြန်ဆန်ထိရောက်စွာ အရောင်းအ၀ယ်ပြုလုပ်နိုင်ကြစေရန် ဆန္ဒပြုလိုက်ရပါသည်။

မြန်မာပြည်ရှိဖောက်သည်တော်များအားလုံး အတူတကွပျော်ရွှင်စွာတွေ့ဆုံခွင့်ရရှိခဲ့သည့်အပြင် အကောင်းစားဆုလက်ဆောင်များနှင့်ရသာထူးကဲသော ဂုဏ်ပြုညစာနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီစီးခဲ့ပါသည်။ နိုင်ငံကျော်ဟာသလူရွှင်တော်များဖြစ်ကြသည့် ခင်လှိုင်နှင့်ဒိန်းဒေါင်အတွဲကလည်း ဟာသများနှင့်အားပါးတရ ဖျော်ဖြေတင်ဆက်ပေးခဲ့ကြပါသည်။ လှပချောမောသည့် နိုင်ငံကျော်အဆိုတော်နီနီခင်ဇော်ကလည်း မြူးကြွသည့် အဆိုအကများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ စတိုင်ထူးခြားသည့် မြန်မာပြည်သိန်းတန်ကတော့ ဒီပွဲဟာ သူ့ရဲ့ပွဲဖြစ်သွားတယ်လို့ဆိုရလောက်အောင် တက်ရောက်လာတဲ့ဧည့်သည်တော်တွေအားလုံးရဲ့ အသည်းနှလုံးတွေကို သူ့ရဲ့သီချင်းတွေနှင့် ဖမ်းစားသွားခဲ့တာဖြစ်ပါသည်။

ယခုကဲ့သို့ ထူးကဲသည့်တွေ့ဆုံပွဲမျိုးကို နောင်လာမည့်နှစ်များတွင်လည်း ထပ်မံကျင်းပချင်ပါသေးသည်။အံအားသင့်ဖွယ်တွေ့ဆုံပွဲဖြစ်ခဲ့သည့်အတွက် အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။!

အခြားသတင်း

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera