FBS မလေးရှား တွေ့ဆုံပွဲကြီး

FBS မလေးရှား တွေ့ဆုံပွဲကြီး

သြဂုတ်လ ၂၆ရက်နေ့ Grand Hyatt Kuala Lumpurတွင်ကျင်းပခဲ့သော FBSမလေးရှားတွေ့ဆုံပွဲကြီး၏ ပျော်ရွှင်ကြည်နူးဖွယ် အမှတ်တရများကို FBSအဖွဲ့သားများမှ ပျော်ရွှင်ဝမ်းမြောက်စွာ ဝေမျှပေးလိုပါသည်. ယခုတွေ့ဆုံပွဲမှာ မလေးရှားနိုင်ငံမှ ဖောက်သည်များအတွက် ဒုတိယအကြိမ်မြောက် ကျင်းပပေးခြင်းဖြစ်ပြီး ယခုအကြိမ်ကျင်းပသည့်ပွဲမှာ ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပါသည်!

ပွဲကျင်းပနေကျအစဉ်အလာအတိုင်းပဲ တက်ရောက်လာသူများစတင်ဝင်ရောက်လာသည့်အချိန်မှစပြီး ဖျော်ဖြေရေးနှင့် ပျော်ရွှင်ဖွယ်အစီအစဉ်များနှင့် စတင်ဖျော်ဖြေပေးခဲ့ပါသည်. ညနေခင်းပွဲတက်ရာတွင် အစောဆုံးရောက်ရှိလာသူ ဧည့်သည်တော်များကို နောက်ဆုံးပေါ် အကောင်းစား နည်းပညာမြင့်ပစ္စည်း၁၄ခုအား ကံစမ်းမဲဖောက်ပေးခဲ့ပါသည်.

တွေ့ဆုံပွဲ၏ အမှတ်တရပုံရိပ်များအားအမိအရ ရိုက်ကူးနိုင်ရန်အတွက် ကင်မရာမန်းများ၊ ဗီဒီယိုရိုက်ကူးရေးသမားများအားခေါ်ထားပြီး အမှတ်တရတစ်ခုချင်းစီကို ယခုဆောင်ပါးနှင့်အတူ ပြန်လည်ဝေမျှပေးလိုက်ရပါသည်. ယခုတွေ့ဆုံပွဲကို ပိုပြီးအမှတ်တရ သတိတရရှိနေစေရန်နှင့် ပျော်ရွှင်ကြည်နူးစေရန်အတွက် တက်ရောက်လာသောဧည့်သည်တော်များ၏ ဟာသရုပ်ပြောင်များကိုရေးဆွဲပေးရန်အတွက် ကာတွန်းပညာရှင်များကိုပါ ဖိတ်ခေါ်ထားခဲ့ပါသည်.

ရှိုးပွဲအစဉ်အစဉ်မှာ တကယ့်ကို ခမ်းနားစည်ကားခဲ့ပါသည်. မလေးရှားရဲ့နာမည်ကျော်အော်ပရာအဆိုကျော်နှင့် ဒန့်စတားတစ်ဦးဖြစ်သူ Stacyရဲ့အကအလှများဖြင့် ရှိုးပွဲကိုစတင်ခဲ့ပါသည်. “Mark နှင့်Pinky” မျက်လှည့်ကလည်း ပရိတ်သတ်ကို ပျော်ရွှင်ကြည်နူး အံ့အားသင့်စေခဲ့ပါသည်. အာရှမိုက်ကယ်ဂျက်ဆင်၏ အကောင်းဆုံးသော ကပြဖျော်ဖြေတင်ဆက်မှုကြောင့်လဲ ဧည်သည်တော်များ ကျေနပ်အားရခဲ့ကြပါသည်. Douglas Lim၏ ဖျော်ဖြေမှုကြောင့်လဲ ခန်းမတစ်ခုလုံး ပွဲကျခဲ့ကြပါသည်. နောက်ဆုံးမှာတော့ Faizal Tahirကသူ့ရဲ့ အကျော်ကြားဆုံး လူကြိုက်အများဆုံး တေးသီချင်းများကိုသီဆိုပြီး ရှိုးပွဲကို ရပ်နားပေးခဲ့ပါသည်. ဧည့်သည်တော်များကလည်း Faizal Tahirနှင့်အတူ တပျော်တပါး ဆယ်လ်ဖီအတူရိုက်ခဲ့ကြပါသည်.

FBSစီအီးအို Denis Slinkinမှကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ကံစမ်းမဲပေါက်သွားကြတဲ့ ကံထူးရှင်များကို နောက်ဆုံးပေါ် အကောင်းစား နည်းပညာမြင့်ပစ္စည်းများဖြစ်သည့် - နောက်ဆုံးပေါ် iPhoneများ, Galaxies, iPadများ, MacBook နှင့် အထူးဆု- iMac အစရှိသည့် ပစ္စည်း၁၄ခုအား ကံစမ်းမဲဖောက် ဆုချီးမြှင့်ပေးခဲ့ပါသည်. ထိုတွေ့ဆုံပွဲအတွင်း FBSပါတနာများနှင့် ထရိတ်ဒါများသည် ပြည်တွင်းငွေလဲဝန်ဆောင်မျှုားအကြောင်း၊ ထရိတ်ဒင်းအကယ်ဒမီများအကြောင်း၊ ပရိုမိုးရှင်းများအကြောင်း၊ EAများအကြောင်း အစရှိသည်များကို တွေ့ဆုံနှီးနှောဆွေးနွေးခဲ့ကြပါသည်! ထို့ပြင် အီဂျစ်နိုင်ငံမှ ပါတနာတစ်ဦးထံမှ အဖိုးတန်လက်ဆောင် အမှာစကားကိုပါ နားထောင်ခွင့်ရခဲ့ကြပါသည်.

တွေ့ဆုံပွဲ အမှတ်တရ ဓာတ်ပုံများကို ကြည့်ရှုခံစားလိုက်ပါ, နောက်တကြိမ်တွေ့ဆုံပွဲမှာ ပြန်လည်ဆုံတွေ့ပါဦးမည်!

အခြားသတင်း

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera