အင်္ဂလန်နိုင်ငံဗဟိုဘဏ်၏ အထူး ကြာသာပတေးနေ့ဆွေးနွေးပွဲ

အင်္ဂလန်နိုင်ငံဗဟိုဘဏ်၏ အထူး ကြာသာပတေးနေ့ဆွေးနွေးပွဲ

သြဂုတ်လ ၃ရက်နေ့သည် အင်္ဂလန်ဗဟိုဘဏ်(BoE)၏ ယခင် ပုံမှန်ဆွေးနွေးပွဲလုပ်နေကျ နေ့တစ်နေ့ဆိုတာထက် ထူးခြားအရေးပါသည့် နေ့တစ်နေ့ဖြစ်ပါသည်. ငွေဖောင်းပွမှုဆိုင်ရာ သုံးလပတ်အစီရင်ခံစာကို ထုတ်ပြန်ပေးသွားမည့်အပြင် ငွေကြေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါသည်. ထိုသတင်းအချက်အလက်များကို ၁၄:၀၀ MTအချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်. ထို၁၄:၀၀ MTအချိန်တွင်ပင် အင်္ဂလန်ဗဟိုဘဏ် အကြီးအကဲဖြစ်သူ Mark Carney၏ စကားပြောမည့်အစီအစဉ်ပါရှိသည့်အတွက် ထရိတ်ဒါများအနေဖြင့် ထိုအချိန်ကို လက်မလွတ်တမ်း စောင့်ကြည့်သင့်ပါသည်.

BoE၏ ငွေကြေးမူဝါဒကော်မတီသည် လွန်ခဲ့သည့် ၂၀၁၁နောက်ပိုင်း အတိုးနှုန်းကိစ္စနှင့်ပက်သက်ပါက ပြီးခဲ့သည့် ဇွန်လအတွင်းတွင် ကော်မတီဝင်အကြီးအကဲ အချင်းချင်း သဘောထားကွဲလွဲမှု ပိုများလာတာကို တွေ့လာရပါသည်။ ဇွန်ဆွေးနွေးပွဲတွင် အဖွဲ့ဝင် ၅ဦးက ယခင်အတိုးနှုန်း ၀. ၂၅%အတိုင်းသာ မပြောင်းမလဲ ထားရှိဖို့ ဆန္ဒရှိခဲ့ကြပြီး ကျန်အဖွဲ့ဝင် ၃ဦးကတော့ အတိုးနှုန်းတင်လိုတဲ့ ဆန္ဒရှိနေခဲ့တာကို တွေ့ရပါသည်. ဈေးကွက်ကတော့ သြဂုတ်လအတွင်း အတိုးနှုန်းတက်မည့်အရေးမြင်နေရပြီလို့ ပြောဆိုနေကြတာ ဖြစ်ပါသည်. သို့ရာတွင်တော့ ပြီးခဲ့သည့် ဇွန်လအတွင်း UK၏ ငွေဖောင်းပွမှူနှုန်းသည် မမျှော်လင့်ဘဲ ၂. ၆%အထိ ကျဆင်းလာခဲ့သည့်အတွက် ထရိတ်ဒါအများစုကတော့ အတိုးနှုန်းတင်နိင်ခြေကို စပြီး သံသယ၀င်လာနေကြပြီ ဖြစ်ပါသည်.

ထိုကဲ့သို့သော မတည်ငြိမ်မှုတွေကြောင့် အင်္ဂလန်ဗဟိုဘဏ်အနေနှင့် မည်ကဲ့သို့ဆုံးဖြတ်ချက်များ ချမျတ်မည်ကို ကြိုတင်ခန့်မှန်းရခက်နေပြီး GBPနှင့် ဆက်စပ်နေသော ငွေကြေးအတွဲအားလုံးအတွက် အလှုပ်အခတ်ကြီးမားနိုင်မည်ဟု ဈေးကွက်က ခန့်မှန်းထားကြပါသည်. အတိုးနှုန်းတင်ခဲ့ပါက GBP/USD ကာလတိုအချိန်တစ်ခုစာ ထိုးတက်သွားနိုင်ပြီး ဗဟိုဘဏ်အနေနှင့်အတိုးနှုန်း တင်မည့်အရေး နောက်ဆုတ်သွားပါက ပေါင်စတာလင်တန်ဖိုး ကျဆင်းသွားနိုင်ပါသည်.

သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera