OZ forex စနစ်: ထရိတ်တစ်ခုတွင် 100-800 Pip

OZ forex စနစ်: ထရိတ်တစ်ခုတွင် 100-800 Pip

အာဂမိဘမဲ့ကလေးလေး Dorothy Gale၊ သူမရဲ့ ခွေးလေး Toto တို့နဲ့ သူတို့ရဲ့အိမ်လေးကို Oz ဆိုတဲ့ဆန်းကြယ်တဲ့နေရာရောက်သွားအောင် လေဆင်နှာမောင်းမွှေသွားတဲ့အကြောင်းပါဝင်တဲ့ ဒဏ္ဏာရီဇာတ်ကားတစ်ပုဒ်ကို လူတိုင်းသိကြမယ်ထင်ပါတယ်. ထရိတ်ဒါတွေလည်း Oz forex ထရိတ်ဒင်းစနစ်ကို ဖန်တီးရင်း ငယ်ဘ၀ကိုသတိရပြီး Baum’s ရဲ့ပုံပြင်ထဲက ဆန်းကြယ်တဲ့နေရာကိုအစွဲပြုပြီး ဒီနည်းဗျူဟာကို အမည်ပေးခဲ့တဲ့ပုံပေါက်နေပါတယ်. ရလာဒ်အနေနဲ့ ကျွန်တော်တို့မှာ အားကောင်ပြီး အကျိုးအမြတ်များများပေးနိုင်တဲ့ နည်းဗျူဟာကောင်းကို ထူဆန်းတဲ့နာမည်လေးနဲ့ရလိုက်ပါတယ်. ပြောတာတော်လောက်ပြီ. ဒီနည်းနဲ့ ဘယ်လိုထရိတ်ရမယ်ဆိုတာကြည့်ရအောင်.

"အဓိကပါဝင်သော အရာများ"

နေ့စဉ်(ရက်စဉ်) အချိန်အပိုင်းအခြား

မည်သည့် ​ငွေ​ကြေးအတွဲများမဆို

Tool များကတော့ - Stochastic အင်ဒီကေတာ + AC (Accelerator Oscillator) နည်းပညာသုံး အင်ဒီကေတာ    

Stochastic and AC သုံးပြီး ဘယ်လိုထရိတ်မလဲ

Stochastic အင်ဒီကေတာ

ထရိတ်ဒါတွေက ထရမ်းလိုင်းအသစ်တွေကို ဖမ်းမိဖို့ရာ အမြဲတမ်း မမောတမ်းလိုက်ရှာနေပါတယ်. Stochastic ကတော့ ထိုအတွက် သုံးရလွယ်ကူတဲ့အင်ဒီကေတာတစ်ခုပါ. သူ့မှာ လိုင်းနှစ်ခုပါဝင်ပါတယ်. အနီရောင်လိုင်းက signal လိုင်းဖြစ်ပြီး အစိမ်းရောင်လိုင်းက ငွေဈေးအရွေ့ကိုပြတဲ့ လိုင်းပါ. ထိုလိုင်းနှစ်ခုက ၀ နဲ့ ၁၀၀ကြားမှာရှိပါတယ်. နောက်ထပ် အ၀ယ်လွန်/အရောင်းလွန် အပိုင်းတွေကိုပြတဲ့ အပိုအမှတ်တွေ (၈၀% နဲ့ ၂၀%) ရှိပါသေးတယ်.

Sell အရောင်း signalဟာ အစိမ်းရောင်လိုင်းက ၈၀% level ကို ထိ (သို့) ဖောက်ထွက် ပြီး signal ကိုဖြတ်သွားတဲ့အခါဖြစ်ပေါ်ပါတယ်. (အစိမ်းလိုင်းက ထိုကဲ့သို့ဖြတ်ပြီးတော့ အနီရောင်လိုင်းအောက်မှာရှိသင့်ပါတယ်).

buy အ၀ယ် signalဟာ အစိမ်းရောင်လိုင်းက ၂၀% အမှတ်ကို ရောက် (သို့) ကျော်လွန်ပြီး လိုင်းကိုဖြတ်သွားတဲ့အခါဖြစ်ပေါ်ပါတယ်. (အစိမ်းလိုင်းက ထိုကဲ့သို့ဖြတ်ပြီးတော့ အနီရောင်လိုင်းအောက်မှာရှိသင့်ပါတယ်).

Accelerator Oscillator အင်ဒီကေတာ

အင်ဒီကေတာမှာ စကေး ၂ခုရှိပါတယ်. အပေါင်း အနုတ်ပါ. oscillator ရဲ့ အလယ်လိုင်းက သုညအမှတ်ပါ. ထိုဟာက အပေါင်း အနုတ် ဧရိယာတွေကို ပိုင်းခြားထားပါတယ်. အကယ်၍ histogram ဂရပ်က ထိုဟာကို ဖြတ်သွားပြီး အောက်ကိုရွေ့သွားရင် ဒါက အရောင်းအတွက်အချက်ပေးတာပါ. histogram က သုညအမှတ်ကိုဖြတ်ပြီး အပေါ်ကိုရွေ့သွားရင်တော့ အ၀ယ်အတွက်အချက်ပေးခြင်းဖြစ်ပါတယ်.

Oz forex ထရိတ်ဒင်း စည်းမျဉ်းများ

အ၀င်ပွိုင့်အတွက် အဓိကအင်ဒီကေတာက AC ပါ. Stochastic ကို အ၀င်ပွိုင့် အတုအယောင်တွေကို စစ်ထုတ်ဖို့ရာ အသုံးချပါတယ်.

အကယ်၍ Stochastic က သင့်ကို ၀ယ်ဖို့အချက်ပြရင် AC အစိမ်းရောင် band တွေက အပေါင်းအပိုင်းကို ရွေ့ပါတယ်. ဒါဆို သင်အ၀ယ်ဖွင့်နိုင်ပါပြီ.

Oz1.png

အကယ်၍ Stochastic က သင့်ကို ရောင်းဖို့အချက်ပြရင် AC အနီရောင် band တွေက အနုတ်အပိုင်းကို ရွေ့ပါတယ်. ဒါဆို သင်အရောင်းဖွင့်နိုင်ပါပြီ.

OZ2.png

သင်အ၀င်ပွိုင့်ကိုသတ်မှတ်ပြီတာနဲ့ lot ကို တစ်ခုတည်းမဟုတ်ဘဲ ၅ ခုဖွင့်သင့်ပါတယ်. lot တစ်ခုချင်းစီမှာ stop-loss ကို 100 pip မှာသတ်မှတ်ပါ. Take-profit ကိုအောက်ပါအတိုင်း ထားသင့်ပါတယ်:

Lot ၅ ခုကို Stop Loss 100 pip အကွာအဝေးစီမှာထားပြီး ထရိတ်ပါ

Take Profit ကို ပထမ Lot မှာ ၅၀ pip သတ်မှတ်ပါ. Stop Loss ကို Break Even (BE) ဆီရွှေ့ပါ.

Take Profit ကို ဒုတိယ Lot မှာ ၁၀၀ pip သတ်မှတ်ပါ.

Take Profit ကို တတိယ Lot မှာ ၁၅၀ pip သတ်မှတ်ပါ.

Take Profit ကို စတုတ္ထ Lot မှာ ၂၀၀ pip သတ်မှတ်ပါ.

၅ခုမြောက် Lot ကို ဆန့်ကျင်ဘက် အ၀င် signal ပြသည်အထိလွှတ်ကြည့်ပါ.

အာရုံစိုက်ထား! ပထမအော်ဒါက take-profit ကိုရောက်တဲ့အခါ နောက်အော်ဒါတစ်ခုကို breakeven ပွိုင့်ဆီ ရွှေ့သင့်ပါတယ်.

တူညီသော

ထရိတ်ဒါတိုင်းသိသင့်သည့် တက်ကနီကယ် အင်ဒီကေတာ

ဘ၀မှာ အောင်မြင်မှုရဖို့ဆိုရင် ပညာဗဟုသုတ ရှိထားဖို့ အရေးကြီးပါတယ် - ဒီစကားက Forexထရိတ်ဒင်းမှာဆိုရင် ပိုတောင်အရေးပါပါတယ်. ထရိတ်ဒါတစ်ယောက်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် တက်ကနီကယ် Ta သုံးသပ်နည်းစနစ်တွေကို သင်ယူလေ့လ့ာထားဖို့ လိုကိုလိုအပ်ပါတယ်. Ta သုံးသပ်တဲ့နေရာမှာ အရေးပါဆုံးက တက်ကနီကယ် အင်ဒီကေတာတွေပဲ ဖြစ်ပါတယ်.

သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera