Fx စက်​ရုပ်​များ... ဘာ​တွေတုန်း? အလိမ်​အညာ​တွေလား၊ ထရိတ်​ဒါ​တွေအတွက်​ အကူအညီလား?

Fx စက်​ရုပ်​များ... ဘာ​တွေတုန်း? အလိမ်​အညာ​တွေလား၊ ထရိတ်​ဒါ​တွေအတွက်​ အကူအညီလား?

လက်​​ချောင်း​လေး​တောင်​ မစရာ မလိုဘဲ အ​ကောင့်​ထဲ ​ငွေ​တွေဝင်​လာတာကို ​အေး​ဆေးထိုင်​ကြည့်​ဖို့ ထရိတ်​ဒါတိုင်းဖြစ်​ချင်​မှာပါ. ဒီကိစ္စကို Forex ထရိတ်ဒင်း စက်ရုပ်တွေက လုပ်ပေးနိုင်ပါတယ်. အကယ်၍ သူတို့ကို ကောင်းကောင်းရွေးချယ်သတ်မှတ်ထားနိုင်ရင်ပေါ့.

Forex ထရိတ်ဒင်း စက်ရုပ်တွေကို အထူးအလိုအလျေက်စနစ်နဲ့ ထရိတ်ဒင်း အချက်ပြမှုတွေကို အခြေခံထားပါတယ်. ထိုဟာက လူအကူအညီမပါဘဲ အလိုအလျေက် ထရီတ်ဒင်းကို ဘယ်အချိန်ဖွင့်ရမယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်. Forex ထရိတ်ဒါတိုင်း အသုံးချနိုင်ပြီး အင်တာနက်မှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်.

robot-2027195_640.png

လန်းတယ်နော်. လူတိုင်း အခြားတစ်ယောက်ကိုခိုင်းပြီး အမြတ်ရချင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်. ဒါပေမဲ့ အရမ်းလွယ်နေရင် ထရိတ်ဒါတိုင်း မီလျံနာဖြစ်ကုန်ပြီပေါ့. သင်ထင်သလိုတော့ လွယ်မှာမဟုတ်ပါဘူး.

ဒီဆောင်းပါးမှာ Forex အလိုအလျောက် ထရိတ်ဒင်းစနစ် (စက်ရုပ်) တွေရဲ့ အကောင်းအဆိုးတွေကို ပြောပြသွားမှာပါ. တစ်လက်စတည်း သင်ဝယ်သင့် မသင့်လည်း ပြောပြပေးမှာပါ.

Forex ထရိတ်ဒင်း စက်ရုပ်တွေကို ထရိတ်ဒင်းမှာ စိတ်ပိုင်းဆိုင်ရာအပိုင်းကို ဖယ်ထုတ်ဖို့အတွက် ဖန်တီးခဲ့ပါတယ်. ထိုစိတ်ပိုင်းဆိုင်ရာတွေက ထရိတ်ဒင်းမှာ အန္တရာယ်ရှိနိုင်တယ်ဆိုတာ သင်သိလောက်ပါတယ်. စက်ရုပ်တွေက သင့်လျော်တဲ့ အချိန်တစ်ခုမှာ ထရိတ်ကို နှစ်ခါမတွေးဘဲ ဖွင့်ချပါတယ်. သူတို့က လူတွေမစွမ်းနိုင်တဲ့ ဇယားမျိုးစုံကိုတစ်ခါတည်းဖတ်နိုင်စွမ်း ရှိပါတယ်. စက်ရုပ်တွေက မတည်ငြိမ်တဲ့ ဈေးကွက်အခြေအနေမှာတောင် အမြတ်ရအောင် ကူညီပေးနိုင်ပါတယ်. ဒါတွေဟာ သူတို့ရဲ့ အားသာချက်တွေပဲဖြစ်ပါတယ်.

ဆိုးကကျိုးက ဘာ​တွေလဲ?

Forex ထရိတ်ဒင်း စက်ရုပ်နဲ့ဆိုင်တဲ့ ပြဿနာကတော့ စက်ရုပ်ကိုယ်တိုင်မဟုတ်ပါဘူး. သူတို့ကိုရောင်းတဲ့သူတွေပဲ ဖြစ်ပါတယ်. အင်တာနက်ကနေရောင်းတဲ့သူကတော့ ၀ယ်သူတွေကို အမြဲတမ်းအမြတ်ရစေမယ်လို့ ကတိတွေပေးကြပါတယ်. လက်တွေ့မှာတော့ မဟုတ်ပါဘူး. ထိုရောင်းတဲ့သူတွေက ထရိတ်ဒါတွေကိုအမြတ်ထက် အရှုံးပေါ်စေတဲ့ အမည်ခံ အလိမ်အညာသမားတွေပဲ ဖြစ်ပါတယ်. ဒါ့ကြောင့် သင် Forex ထရိတ်ဒင်း စက်ရုပ်ဝယ်မယ်ဆိုရင် ယုံကြည်ရလောက်တဲ့သူတွေရဲ့ အတွေ့အကြုံတွေကို အသေအခြာရှာဖတ်ပြီး သင့်လျော်တဲ့ review တွေကို စစ်ဆေးသင့်ပါတယ်.

ဆိုပါစို့ သင်က အရမ်းကောင်းတဲ့ Forex ထရိတ်ဒင်း စက်ရုပ်တစ်ခုဝယ်တယ်. ဒီလောက်နဲ့ သင်အေးဆေးနေပြီး အကောင့်ထဲ ငွေတွေဝယ်လာမယ်လို့ ထင်ပါသလား. မှတ်ထားပါ. ထရိတ်ဒင်းဆော့ဖ်ဝဲက ဇယားပေါင်းမြောက်မြားစွာကို တစ်ခါတမ်းဖတ်နိုင်ပေမဲ့ လူရဲ့ ထက်မြက်တဲ့စိတ်ကိုတော့ မယှဉ်နိုင်ပါဘူး. စက်ရုပ်ရဲ့ နည်းပညာ အဆင့်မြင့်မှုကို ထရိတ်ဒါရဲ့ လေ့လာဆန်းစစ်မှုတွေနဲ့ ထောက်ပံ့ပေးသင့်ပါတယ်. Forex ထရိတ်ဒင်း စက်ရုပ်တွေကို အချို့သော ဈေးကွက်အခြေအနေအတွက်ပဲ ဒီဇိုင်းလုပ်ထားပါတယ်. သူတို့က ငွေကြေးအတွဲတစ်ခုကို နေရာချပေးဖို့နဲ့ နည်းပညာသုံး အင်ဒီကေတာတွေကိုဖတ်ဖို့တော့ မစွမ်းဆောင်နိုင်ပါဘူး. သင်သိတဲ့အတိုင်း ဈေးကွက်က အရမ်းကိုရွေ့လျားနေပါတယ်. အချိန်တိုင်းပြောင်းလဲနေပါတယ်. သူတို့က အကန့်အသတ်မရှိ တက်ကျ ဘယ်ညာရွေ့လျားမှုတွေ ဖြစ်နိုင်ပါတယ်. ဒါ့ကြောင့် အကြံတစ်ခုပေးလိုက်ပါမယ်. သင် Forex ထရိတ်ဒင်း စက်ရုပ်ဝယ်ပြီး ထရိတ်ဒင်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ပါမယ်. ဒါပေမဲ့ အကြွင်းမဲ့တော့ စက်ရုပ်အပေါ်မှာ မယုံကြည်လိုက်ပါနဲ့. သင့်ရဲ့ 'လူလုပ် ထရိတ်ဒင်း' ကို တိုးတက်အောင်လုပ်ဖို့ စက်ရုပ်ရဲ့အခွင့်အရေးတွေကို အသုံးချလိုက်ပါ.

တူညီသော

Carry trade strategyCarry trade ဗျူဟာ

ကျွန်တော်တို့ သင့်အား နည်းပညာဆိုင်ရာ အရောင်းအဝယ် ဗျူဟာများအကြောင်း အတော်များများ ပြောပြခဲ့ပြီးပါပြီ။

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

စတင်လေ့လာသူများအတွက် Forexစာအုပ်

စတင်ရောင်းဝယ်ရာတွင် လိုအပ်သည့် အရေးအကြီးဆုံးအရာ
သင့်အီးမေးလ်ကို ထည့်သွင်းလိုက်ပါ. Forex လမ်းညွှန်စာအုပ်ကို သင့်ထံအခမဲ့ ပေးပို့ပေးသွားပါမည်

ကျေးဇူးပါ!

သင့်အီးမေးလ်ထံ လင့်ခ်ပို့ပေးလိုက်ပါပြီ.
ထိုအီးမေးလ်အား ကလစ်နှိပ်ကာ သင့်အီးမေးလ်လိပ်စာကိုအတည်ပြုပြီး စတင်လေ့လာနေသူများအတွက် Forex လမ်းညွှန်စာအုပ်ကို အခမဲ့ရယူလိုက်ပါ.

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera