ထရိတ်ဒါ VIC ၏ 2B ပုံစံများ

ထရိတ်ဒါ VIC ၏ 2B ပုံစံများ

ထိုးတက်​ (သို့) ကျမယ်​လုပ်​ပြီး မဖြစ်​ပဲ​နေတဲ့ အ​ခြေအ​နေမျိုးဟာ ထရိတ်​ဒါ​တွေအတွက်​ စိတ်​ပျက်​စရာ​ကောင်းပြီး မ​မျော်​လင့်​ဘဲ ခဏခဏ ဖြစ်​တတ်​ပါတယ်​. ထရိတ်​ဒါ​တွေက ထိုအရာကို​ကျော်​လွှားဖို့ နည်းလမ်းအမျိုးမျိုး တီထွင်​ကြံဆကြပါတယ်​. ဒီသင်​ခန်းစာမှာ သင့်​ကို အလွယ်​ဆုံးနဲ့ အသုံးအများဆုံးဖြစ်​တဲ့ ထရိတ်​ဒါ Vic ရဲ့ 2B ပုံစံ (spring လို့လဲ​ခေါ်ပါတယ်​) ကို ​ပြောပြ​ပေးမှာပါ. ထိုဟာကို တီထွင်​သူ Victor Sperandeo ရဲ့အမည်​ကိုအစွဲပြုပြီး ​ခေါ်တာပါ. ထိုသူကို ထရိတ်​ဒါ Vic လို့လဲ ​ခေါ်ကြပါတယ်​.

Victor-Sperandeo-1-240x300.jpg 

သူ့စာအုပ်ဖြစ်တဲ့ “Principles of professional speculation” မှာ Victor ဗစ်တာက 'ထရိတ်ဒါ Vic ၏ 2B ပုံစံ'ကို အောက်ပါအတိုင်းဖော်ပြထားပါတယ်. "အတက် trend လမ်းကြောင်းမှာဆို ဈေးက အရင် high ကို ထိုးဖောက်ခဲ့ရင် ဒါပေမဲ့ ဆက်မတက်တော့ဘဲ အမြန်ချက်ခြင်း high အောက်ကျသွားရင် trend က အကျ ဖြစ်တော့မှာပါ". အကျ trend လမ်းကြောင်းအတွက်ဆို ဒီသဘောအတိုင်းပါပဲ.

2B ပုံစံတွေကို တစ်ရက်စာပြတဲ့ ဇယားတွေမှာ လွယ်လွယ်ကူကူတွေ့နိုင်ပါတယ်. 2B ပုံစံဖြစ်ပေါ်ဖို့ဆိုရင် ဈေးက High အသစ် သို့မဟုတ် low အသစ်တစ်ခုဖြစ်နေရပါမယ်. ပြီးရင် ပြန်ကျပြီး high low အသစ်ပြန်ဖြစ်ဖို့ကြိုးစားနေရပါမယ်. ထိုကြိုးစားမှု မအောင်မြင်ခဲ့ရင် trend လမ်းကြောင်းက ပြန်ကျ (သို့) တက်တော့မယ့်သဘောရှိတယ်လို့ အချက်ပြနေတာပါ. 2B ပုံစံတွေရဲ့ စည်းမျဉ်းတွေကို အတက်နဲ့အကျ လမ်းကြောင်းဖြစ်တဲ့ အခြေအနေမှာ လေ့လာကြရအောင်.

ထရိတ်ဒါ Vic ၏ 2B လမ်းကြောင်းအတက်ဆိုင်ရာ စည်းမျဉ်းများ

အတက် လမ်းကြောင်းရှိတယ်ဆိုပါစို့. ဈေးကွက်က ဘား ၂၀ အထိ အသစ် high အနေနဲ့ရောက်သွားပြီး ၅-၈ ဘားလောက် ပြန်ကျသွားပါမယ်. ထိုအခြေအနေပြီးတော့ ဈေးက high အသစ်အပေါ်ထပ်သွားပြီး ထို high အထက်မှာပိတ်ပါမယ်. ဒီဘားကို ထိုးဖောက်ခြင်း breakout လို့မှတ်ရပါမယ်. ထို ထိုးဖောက်ခြင်းဘားထက် မြင့်တာတွေမရှိတော့ပါဘူး. ဒါဟာ 2B အပေါ်ပိုင်း ပုံစံရဲ့ နောက်ဆုံးအဆင့်ပါ. ဒီအခြေအနေမှာဆိုရင် သင်ရောင်းဖို့ပြင်သင့်ပါပြီ. Stop loss ကို လွန်ခဲ့တဲ့ဘားရဲ့ swing-high မှာထားသင့်ပါတယ်. Take profit ကို high အသစ်မဖြစ်ခင် swing-low မှာထားသင့်ပါတယ်.

1.png

ထရိတ်ဒါ Vic ၏ 2B လမ်းကြောင်းအကျဆိုင်ရာ စည်းမျဉ်းများ

ဈေးက Low အသစ်ဖြစ်အောင်ကျပါမယ် (၂၀ ဘားလောက်ပါ). ထိုကဲ့သို့ဖြစ်ပြီး ၅-၈ဘားလောက် ပြန်တက်တာမျိုးရှိရပါမယ်. ဈေးကွက်က အစဦးဆုံးအကျကနေ တက်ပြီး low အသစ်တစ်ခုရဲ့ အောက်မှာ ပိတ်ပါမယ်. ဒါကိုသင်က ထိုးကျခြင်းဘားလို့မှတ်နိုင်ပါတယ်. ထိုဘားပြီနောက် နောက်ထပ်နိမ့်တာမျိုးမှာ မပိတ်ရပါဘူး. ဈေးက ထိုထိုးကျခြင်းဘားရဲ့ high အထက်မှာ ပိတ်တာကိုဆိုလိုတာပါ. ထိုးကျခြင်းဘားရဲ့ high အထက်မှာပိတ်တဲ့ ဘားနောက်တစ်ခုရဲ့ High အထက်မှာ သင် အ၀ယ်ထရိတ် စလုပ်နိုင်ပါတယ်. ဘားနောက်အသစ်တစ်ခုမဖြစ်ခင် swing-high အနီးမှာ ၀ယ်နိုင်ပါတယ်.

2.png

အောက်ပါပုံကိုကြည့်ပြီး 2B ပုံစံဖြစ်ပေါ်ခြင်းအဆင့်ဆင့်ကို ကြည့်နိုင်ပါတယ်.

 3.png

အ၀ယ် ပြင်ဆင်မှု

၁။ အသစ် low

၂။ လုံလောက်သော လမ်းကြောင်းပြန်ဆုတ်မှု (ပြန်တက်မှု)

၃။ နောက်ဘားတစ်ခုက ဘားနံပါတ်တစ်ရဲ့ low မှာ ပိတ်ခြင်း

၎။ ဘားနှစ်ရဲ့ high မှတ်ပါ ပြီးရင် နံပါတ်၎ရဲ့ အောက်မှာ ပိတ်ဖို့စောင့်ပါ.

၅။ အ၀ယ်ကို နံပါတ်လေးရဲ့ high အထက်မှာ ၀င်ပါ

၆။ လွန်ခဲ့တဲ့ high တွေကို ရည်ရွယ်သတ်မှတ်ပါ

အရောင်း ပြင်ဆင်မှု

၁။ အသစ် high ရှာပါ

၂။ လုံလောက်သော ပြန်ကျမှုကို စောင့်ပါ

၃။ နောက်ဘားတစ်ခုက ဘားနံပါတ်တစ်ရဲ့ high မှာ ပိတ်ခြင်း

၎။ ဘားနံပါတ်သုံးရဲ့ low မှတ်ပါ ပြီးရင် နံပါတ်၎ရဲ့ အောက်မှာ ပိတ်ဖို့စောင့်ပါ

၅။ အရောင်းကို နံပါတ်လေးရဲ့ low အောက်မှာ ၀င်ပါ

၆။ လွန်ခဲ့တဲ့ Low တွေကို ရည်ရွယ်သတ်မှတ်ပါ

တူညီသော

ထရိတ်ဒါတိုင်းသိသင့်သည့် တက်ကနီကယ် အင်ဒီကေတာ

ဘ၀မှာ အောင်မြင်မှုရဖို့ဆိုရင် ပညာဗဟုသုတ ရှိထားဖို့ အရေးကြီးပါတယ် - ဒီစကားက Forexထရိတ်ဒင်းမှာဆိုရင် ပိုတောင်အရေးပါပါတယ်. ထရိတ်ဒါတစ်ယောက်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် တက်ကနီကယ် Ta သုံးသပ်နည်းစနစ်တွေကို သင်ယူလေ့လ့ာထားဖို့ လိုကိုလိုအပ်ပါတယ်. Ta သုံးသပ်တဲ့နေရာမှာ အရေးပါဆုံးက တက်ကနီကယ် အင်ဒီကေတာတွေပဲ ဖြစ်ပါတယ်.

သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera