တဆင့်ချင်းစီတက်တဲ့ ထရိတ်ဒင်း နည်းစနစ်

တဆင့်ချင်းစီတက်တဲ့ ထရိတ်ဒင်း နည်းစနစ်

ဈေးတန်းတစ်ခုဘယ်ကိုသွားမလဲဆိုတာကို ဘယ်ထရိတ်ဒါမှ ဘယ်ဈေးကွက်ကျွမ်းကျင်သုံးသပ်သူမှ အတိအကျမပြောနိုင်ပါဘူး. တကယ်လို့ ထရိတ်ဒါတွေသာ အတိအကျသိနိုင်ခဲ့ရင် သူတို့ရောင်းဝယ်သမျှ လော့တွေကနေ အမြတ်တွေအများကြီးရမယ့်အခွင့်အရေးကို လက်လွတ်ခ့မှာမဟုတ်ဘဲ သူတို့တွေ ရှိသမျှငွေ ပုံအောပြီး ရောင်းဝယ်ထရိတ်ဒင်းလုပ်ကြတော့မှာပေါ့. ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့တွေဟာ ပရောဟိတ်တွေမဟုတ်သလို အနာဂတ်ကိုကြိုမြင်နိုင်တဲ့ အကြားအမြင်ပညာရှင်တွေမဟုတ်ကြဘဲ သာမာန်လူသားတွေဖြစ်ကြတာကြောင့် ဒီလို အတိအကျခန့်မှန်းနိုင်ဖို့က မဖြစ်နိုင်ပါ. ဈေးတန်းနောက်ထပ်ဘယ်ကို ရွှေ့လျားမလဲဆိုတာကို ခန့်မှန်းနိုင်မယ့် သဲလွန်စလေးတွေကိုရှာပြီး ကျွန်တော်တို့တွေရဲ့ ကျိုးကြောင်းဆင်ခြင်ဥာဏ်ကို အသုံးပြုပြီး ခန့်မှန်းတွက်ဆရမှာပဲ ဖြစ်ပါတယ်.

သင့်မှာ ငွေကြေးအတွဲတစ်ခုကို ဘယ်လိုထရိတ်ရမလဲဆိုတဲ့ အိုင်ဒီယာကောင်းကောင်းရှိနေတယ် ဒါပေမယ့် သင့်ခန့်မှန်းချက်က ရာနှုန်းပြည့်မမှန်နိုင်တာကြောင့် သင့်ရှိသမျှအရင်းအနှီးအားလုံးလဲ စွန့်စားပြီး မရင်းရဲဘူး ဆိုကြပါစို့. ဒီလိုအခြေအနေမျိုးမှာဆိုရင် ပိုပြီး အန္တရာယ်နည်းမယ့် "တဆင့်ချင်းစီတက်တဲ့" ထရိတ်ဒင်းနည်းစနစ်ကို သုံးနိုင်ပါတယ်. ဒီနည်းက ဈေးကွက်ထဲကို တစ်ချက်တည်း ခြေစုံပစ်ဝင်တာမျိုးမဟုတ်ဘဲ တဆင့်ချင်းစီ တစ်လှမ်းချင်းစီဝင်တာဖြစ်လို့ အန္တရာယ်နည်းစေပါလိမ့်မယ်. ဒါကြောင့် ဈေးတန်းတစ်ခုကို သုံးသပ်ပြီးတဲ့အခါ အစောပိုင်းကတည်းက နည်းနည်းဝင် နောက်ထပ် သင့်သုံးသပ်ချက် သေချာ မသေချာဆိုတာကို သေချာစောင့်ကြည့်ပြီး သေချာရင် သေချာလာသလို နောက်ထက် တစ်ဆင့်ထပ်ဝင်နိုင်ပါတယ်. တကယ်လို့ ပိုပြီး အခြေအနေကောင်းလာပြီဆိုရင် နောက်ထပ် ထရိတ်ဒင်းအချိန်တွေမှာ ငွေထပ်ရင်းပြီး နည်းနည်းစီ ထပ်စွန့်စားတဲ့နည်းကို အသုံးချသင့်ပါတယ်.

ဒီ ထရိတ်ဒင်း နည်းစနစ်ကို အသုံးချမယ်ဆိုရင် ပိုပြီး တိကျစေဖို့အတွက်ဆိုရင် သင် ဝင်မယ့် နေရာကို သေချာအောင်လုပ်ပြီး သင့်ငွေကို သေချာ ဝေစုအဖြစ် သေချာ တစ်ပုံစီ ပုံထားပါ. ပြီးရင် ငွေနည်းနည်းစီနဲ့ အော်ဒါများများ ခွဲပြီး ထရိတ်ကြည့်ပါ. ပထမ တစ်ခေါက် နှစ်ခေါက် မှားသွားတာလောက်နဲ့ လက်မလျှော့ပါနဲ့. ငွေလဲ တအားကြီိး မသုံးပါနဲ့. ဈေးကွက်က ရက်စက်ပါတယ်. သင့်ဆီက ဘောင်းဘီပါမကျန်အောင် အကုန်ယူသွားနိုင်ပါတယ်."တဆင့်ချင်းစီ ဝင်တဲ့နည်း"က သင့်အတွက် ကျိုးကြောင်းဆင်ခြင်ဥာဏ်ပိုရှိစေပြီး ပိုမို အမြော်အမြင်ရှိရှိနဲ့ အမြတ်ငွေရရုံသာမက ယုံကြည်မှုအပြည့်အဝနဲ့ ကျေနပ်ဖွယ်ထရိတ်ဒါဘဝကို ပေးစွမ်းနိုင်မှာပါ.

ဥပမာ: ပုံမှာပါသလိုအခြေအနေမှာဆိုရင် သင့် လုပ်ရမှာက ငွေကို နည်းနည်းစီ ၄ပုံပုံပါ. 0.8900 ပွိုင့်မှာ တစ်ပုံစာဝင်ဝယ်ပါ. အဲ့နောက်မှာ သူ့အထက် ထပ်တက်သွားတဲ့အခါ နောက်ထပ် လယ်ဗယ်ဖြစ်တဲ့ (0.8950မှာ) နောက်ထပ်တစ်ပုံစာ ထပ်ပြီးဝယ်ပါ. အဲ့ထပ် ထပ်ပြီး တက်သွားခဲ့ရင် (0.9000 နောက်ထပ် 0.9050အထိ) ထရန်းလမ်းကြောင်း မဆုံးခင်အထိ တစ်ပုံစီ ဝယ်သွားပါ

Scaling in.png

တူညီသော

Carry trade strategyCarry trade ဗျူဟာ

ကျွန်တော်တို့ သင့်အား နည်းပညာဆိုင်ရာ အရောင်းအဝယ် ဗျူဟာများအကြောင်း အတော်များများ ပြောပြခဲ့ပြီးပါပြီ။

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

စတင်လေ့လာသူများအတွက် Forexစာအုပ်

စတင်ရောင်းဝယ်ရာတွင် လိုအပ်သည့် အရေးအကြီးဆုံးအရာ
သင့်အီးမေးလ်ကို ထည့်သွင်းလိုက်ပါ. Forex လမ်းညွှန်စာအုပ်ကို သင့်ထံအခမဲ့ ပေးပို့ပေးသွားပါမည်

ကျေးဇူးပါ!

သင့်အီးမေးလ်ထံ လင့်ခ်ပို့ပေးလိုက်ပါပြီ.
ထိုအီးမေးလ်အား ကလစ်နှိပ်ကာ သင့်အီးမေးလ်လိပ်စာကိုအတည်ပြုပြီး စတင်လေ့လာနေသူများအတွက် Forex လမ်းညွှန်စာအုပ်ကို အခမဲ့ရယူလိုက်ပါ.

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera