CME group (US ငွေကြေးဖလှယ်မှုဆိုင်ရာ အဖွဲ့အစည်း) က bitcoin နဲ့ပတ်သက်ပြီး တရားဝင်လုပ်ကိုင်ဖို့ အစီအစဉ် ရှိနေပါပြီ

CME group (US ငွေကြေးဖလှယ်မှုဆိုင်ရာ အဖွဲ့အစည်း) က bitcoin နဲ့ပတ်သက်ပြီး တရားဝင်လုပ်ကိုင်ဖို့ အစီအစဉ် ရှိနေပါပြီ

Luxembourg အခြေစိုက် Bitstamp ငွေကြေးဖလှယ်ရေးမှာ bitcoin ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၇၃၀၀ ကျော်ထိစံချိန်တင်မြင့်တက်ခဲ့ပါတယ်. ဒီနှစ်အစရဲ့ တန်ဖိုးနဲ့ယှဉ်ရင် ၇ဆ လောက်မြင့်တတ်သွားခဲ့ပါတယ်. 
CME ငွေကြေးဖလှယ်မှုဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ရဲ့ ယခုနှစ် ၂၀၁၇ မကုန်ခင်မှာ bitcoin ကိုဝန်ဆောင်မှုပေးမည်ဆိုတဲ့သတင်းကြောင့် cryptocurrency ရဲ့ တန်ဖိုးထိုးတက်သွားခဲ့ပါတယ်. ထိုအဖွဲ့ရဲ့ CEO Terrence Duffy က အရင်တစ်လကပြောကြားထားတဲ့ bitcoin ကိုဝန်ဆောင်ဖို့ပေးဖို့ မျော်မှန်းချက်မရှိဘူးဆိုတဲ့စကားကြောင့် ယခုကြေငြာချက်ဟာ လုံးဝကိုအံသြစရာပါ. Duffy ကတော့ bitcoin ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို လိုလားမှုများလာတာကြောင့် စိတ်ပြောင်းသွားရခြင်းဖြစ်တယ်လို့ဆိုပါတယ်.
CME group ဟာ တခြား exchange အော်ပရေတာဖြစ်တဲ့ CBOE Global Markets က bitcoin ကို ဝန်ဆောင်မှုပေးဖို့ ကြေငြာချက်ပြီးနောက်မှာ လိုက်၍ကြေငြာချက် ထုတ်ခဲ့တာဖြစ်ပါတယ်. ယခုဆို ထိုအဖွဲ့ဟာ Commodity Futures Trading Commission (CFTC) ရဲ့ အသိအမှတ်ပြုမှုကို စောင့်နေပါတယ်. CME ကလည်း ထို့အတူ bitcoin အတွက် အသိအမှတ်ပြုဖို့လိုအပ်ပါတယ်. 
Bitcoin ဖလှယ်ခြင်းဆိုင်ရာတွေကို LedgerX မှာ ထရိတ်လုပ်ပါတယ်. သူက cryptocurrency ထရိတ်ဒင်း ပလက်ဖောင်း တစ်ခုပါ. သူ့ကို CFTC က တဆင့်ခံ စာချုပ်ပုံစံအားဖြင့် digital ငွေကြေးအရ ဝန်ဆောင်မှုပေးခြင်းအတွက်အသိအမှတ်ပြု ထားပါတယ်.
CBOE နဲ့ CME တို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် Bitcoin ကို ယုံကြည်မှုတွေတိုးနေပါပြီ. Bitcoin ကို တရားဝင်လက်ခံခြင်းက နှေးကွေးပေမဲ့ တိုးလာနေပါတယ်. 
Wall Street က bitcoin အပေါ်စိတ်ဝင်စားတာ ရှင်းပါတယ်. CME group မှာ ထရိတ်မဲ့ သူတွေအတွက် Bitcoin ဟာ အကျိုးအမြတ်တွေ ယူဆောင်လာပေးပါလိမ့်မယ်. ပထမအနေနဲ့ ဒီ cryptocurrency ရဲ့ ဈေးကျသွားမလား မှန်းရတာ ပိုလွယ်သွားပါမယ်. ထရိတ်ဒါတွေက ဈေးကွက်ရဲ့ ဘက်မလိုက် neutral ဖြစ်တဲ့ နည်းဗျူဟာတွေကို အသုံးချနိုင်ပါလိမ့်မယ်. ပြီးတော့ ကြိမ်နှုန်းများများ ထရိတ်နိုင်ပါလိမ့်မယ်. နောက်ပြီး အရင်က bitcoin ရဲ့ အပြောင်းအလဲမြန်တဲ့နှုန်းတွေကြောင့် ထရိတ်မလုပ်တဲ့ ကျွမ်းကျင်သူတွေဟာ နောက်ပိုင်းမှာ ထရိတ်လုပ်ဖို့ ဈေးကွက်ကိုဝင်လာပါတော့မယ်. ရွေးချယ်မှုများစွာထဲကမှ bitcoin ဟာ ရေပန်းအစားဆုံးဖြစ်လာတော့ပါမယ်. 
US Securities and Exchange Commission (SEC) ဟာ Bitcoin နဲ့ ပိုမိုရင်းနှီးလာတဲ့အခါ ရင်းနှီးမြုပ်နှံမဲ့သူတွေပိုတိုးလာမဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်. ယခုအထိတော့ အဲ့လိုမျိုး မဖြစ်သေးပါဘူး. မတ်လမှာ SEC က Winklevoss brothers အဖွဲ့ရဲ့ Bitcoin နဲ့ပတ်သက်တဲ့အဆိုကို ပယ်ချခဲ့ပါတယ်. Bitcoin ကို ဈေးကွက်မှာ ပိုမိုလက်ခံလာဖို့ နဲ့ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ နေရာယူဖို့ SEC ရဲ့ ထောက်ခံချက်ဟာလိုအပ်လှပါတယ်. 
အကြီးဆုံး ပြဿနာကတော့ Bitcoin ဈေးကွက်အများအပြားက စည်းမျဉ်းတွေနဲ့ လည်ပတ်နေတာ မဟုတ်တာပါပဲ. CME group ရဲ့ လုပ်ဆောင်မှုဟာ Bitcoin အပေါ်သိသိသာသာသက်ရောက်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်. ဒါပေမဲ့ ပုံမှန်ရင်းနှီးမြုပ်နှံမဲ့သူ အများအပြားကို ဆွဲဆောင်နိုင်ဖို့အတွက်တော့ ခရီးရှည်ကြီးဆက်ရဦးမှာပါ.

တူညီသော

Gold slumps to 1-week minimum as greenback is still backed

On Wednesday, gold declined to one-week minimum because strength in the evergreen buck kept weighing, in spite of the fact caution ahead of the minutes of the Fed’s latest gathering along with uncertainty surrounding a huge American debt auction this…

လူကြိုက်များသော

ဥရောပ ဗဟိုဘဏ်ဆွေးနွေးပွဲ

အောက်တိုဘာ ၁၆တွင် ကျင်းပမည့် ဥရောပဗဟိုဘဏ်ဆွေးနွေးပွဲကို ထရိတ်ဒါအများက စောင့်ကြည့်နေကြပါသည်. ငွေကြေးဆိုင်ရာမူဝါဒ ဆုံးဖြတ်ချက်များကို ၁၄:၄၅ MTအချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်. ဥရောပဗဟိုဘဏ်အကြီးအကဲ မာရီယို ဒရာဂီ၏ သတင်းစာရှင်းလင်းပွဲကိုပါ ၁၅:၃၀ MTအချိန်တွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်. 

eur
သြစတေးလျှဗဟိုဘဏ် ဆွေးနွေးပွဲ

သြစတေးလျှဗဟိုဘဏ် (RBA)၏ မူဝါဒများသည် AUDအတွက် အဓိက အရေးပါဆုံးမူဝါဒများဖြစ်ပါသည်. ဗဟိုဘဏ်မူဝါဒရေးဆွဲသူများအနေဖြင့် ငွေကြေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို နိုဝင်ဘာ ၇ရက် ၁၅:၃၀ MTအချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပါသည်. 

aud

သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera